Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Friday, February 06, 2009

အချစ်အကြောင်း အဆိုအမိန့်များနဲ့ ကျွန်တော် သယ်ဆောင်မိတဲ့ စိတ်ကူးတွေ - ၂


To love is to weave cloth with thread drawn from your heart, even as if you’re beloved were to wear that cloth.

ကိုယ့်ချစ်သူ အပေါ်မှာ ကျွန်တော်တို့ ဘယ်လောက် အထိများ လေးနက်ရူးသွပ် ခဲ့ကြဖူး ပါသလဲ။ တချို့က မိုက်ကန်း စူးရှစွာ၊ တချို့က မြော်မြင် အေးမြစွာ။ ဘာပဲဖြစ်ဖြစ် အချစ်ဆိုတဲ့ ဘောင်ထဲ ကနေပဲ ဖြစ်ပါလိမ့်မယ်။ ကြိုမသိ နိုင်သေးတဲ့ ကံကြမ္မာတွေ ဖယ်ထား၊ နောင် ဖြစ်လာမယ့် အကျိုးအကြောင်းတွေ ခဏမေ့ထား၊ အခုလက်ရှိ အချိန်မှာတော့ ကျွန်တော်တို့ဟာ ကိုယ့်ချစ်မြတ် သူလေး ဝတ်ဆင်ဖို့ အထည်ကို ကိုယ့်နှလုံးသားက ထွက်ကျလာတဲ့ ချည်မျှင် ပိုးစတွေနဲ့ အမွန်မြတ်ဆုံး ယက်ဖောက် နေခဲ့ကြ သူတွေပဲ ဖြစ်ပါတယ်။

အချစ်အကြောင်း အဆိုအမိန့်များနဲ့ ကျွန်တော် သယ်ဆောင်မိတဲ့ စိတ်ကူးတွေ - ၁


All love is sweet, given or returned.
ပေးတာပဲဖြစ်ဖြစ်၊ ပြန်ရလိုက်တာပဲဖြစ်ဖြစ် အချစ်တွေအားလုံးဟာ ချိုမြိန်တယ်။
(Percy Bysshe Shelly)

ဟုတ်ပါရဲ့။ ကျွန်တော်တို့ ပေးလိုက် ရတာပဲ ဖြစ်ဖြစ်၊ လက်ခံရရှိ မှုမှာပဲ ဖြစ်ဖြစ် အချစ်ရဲ့ တန်ဖိုးဟာ ဘယ်လို ကြီးမြတ်မှု မျိုးနဲ့မှ မယှဉ်သာအောင် ချိုမြိန်နေ ခဲ့မှာပါပဲ။ ကိုယ် ပေးလိုက်ရတဲ့ အချစ် အတွက်၊ ဒါမှမဟုတ် ပြန်ရရှိလိုက်တဲ့ ချစ်ခြင်း အတွက်တော့ ကျွန်တော်တို့ နှလုံးသားထဲက ချိုမြိန်မှု ဟာလည်း နောက်ထပ် နောက်ထပ် ပေးနေဦးမယ့်၊ လက်ခံရယူ နေဦးမယ့် ချစ်ခြင်းတရား တွေအတွက် အလုံလောက်ဆုံးနဲ့ အခိုင်မာဆုံး စိတ်ဓာတ် မြှင့်တင်မှု တစ်မျိုးဖြစ်တယ် ဆိုတာ သေချာ လှပါရဲ့။

 

Love distils desire upon the eyes, love brings bewitching grace into the heart.
အချစ်ဟာ မျက်ဝန်းတွေအပေါ် စီးကျတယ်။ ရူးရူးမူးမူး စွဲမက်စေလောက်တဲ့ ဂုဏ်သရေကို နှလုံးသားထဲ ယူဆောင်လာတယ်။
(Euripedes)

ကမ္ဘာကျော် အတွေးအမြင်တွေထဲက ခပ်ညံ့ညံ့ အသည်းကွဲ အတွေးအခေါ်တွေ


“အိုမင်းချိန်ဆိုတာ အနာဂတ်က နောက်မှာ ကျန်ခဲ့ပြီး အတိတ်က ရှေ့ပြန်ရောက် လာတဲ့ ကာလပါပဲ”

အဲဒီ စကားအတိုင်း သာဆို ကျွန်တော့်ရဲ့ လက်ရှိကာလ တွေဟာ ကျွန်တော့် အတွက် အိုမင်းချိန် တွေပါပဲ။ ညီမလေးနဲ့ ကျွန်တော့်ရဲ့ အနာဂတ်ဆိုတဲ့ ခေါင်းစဉ် အထပ်ထပ်ဟာ သမာရိုးကျ ဖျက်ဆီး ခံလိုက်ရ ပြီးတဲ့နောက် ကျွန်တော့်ရဲ့ အာရုံထဲမှာ စီစီရီရီ ပေါ်လာ နေကြတာ ကတော့ ညီမလေးနဲ့ ပတ်သက် ခဲ့ဖူးတဲ့ အတိတ်က ပုံရိပ်တွေ ချည်းပါပဲ။  ညီမလေးရဲ့ အသံ၊ ညီမလေးရဲ့ အမူအယာ၊ အိုး.. ဘာကိုမှ ကျွန်တော် ဖျောက်ဖျက် မပစ်နိုင် ခဲ့ပါဘူး။ အဲဒီ ကျွန်တော့် ရှေ့မှာ ဝဲလည် နေခဲ့တဲ့ အတိတ်တွေ အတွက် ညီမလေးအပေါ် ထားခဲ့တဲ့ အနာဂတ် စိတ်ကူးတွေက အလိုအ‌လျောက် နေရာဖယ်ပေး ခဲ့ရတာပါ။

ညီမလေးနဲ့ ကျွန်တော် နားလည်မှုချင်း ထပ်တူကျနေဖို့။ ကျွန်တော့် အပေါ် ညီမလေးရဲ့ စိတ်တွေ အမြဲတမ်း အရိပ်လို ထိုးကျ နေစေဖို့။ အဆုံးစွန် ပြောရရင် ညီမလေးနဲ့ ဘဝတလျောက် လက်တွဲ သွားဖို့.. အဲဒီ အနာဂတ် စိတ်ကူးတွေဟာ ဝေးကွာခြင်းနဲ့ အတူပဲ ဝေးကွာ သွားခဲ့တယ်။ အခုတော့ အနာဂတ်တွေက နောက်မှာပဲ ကျန်နေ ရစ်ခဲ့ပြီး အတိတ်တွေက ရှေ့ကို ရောက်လာ ကြတယ်။ ဒါဟာ.. ကျွန်တော့် အတွက် အိုမင်းချိန်တွေ ဆိုရင်.. ဟုတ်ပါတယ်.. ကျွန်တော် အိုမင်းနေ ခဲ့ပါပြီ။

Wednesday, February 13, 2008

ချစ်သူတွေအတွက် A to Z


ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာလေး တစ်ပုဒ်ကို ပြန်ပြီး ဖော်ပြချင် ပါတယ်။ ချစ်သူတွေ အတွက် A to Z ရေးပြ ထားတာပါ။ ကျွန်တော့်ရဲ့ အမြင်လေးတွေ ကိုလည်း ရေးချပေး လိုက်ပါတယ်။

 

A- Absolutely adove each other

ချစ်သူ နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက် အပြည့်အဝ မြတ်နိုး ခင်တွယ် ကြဖို့ လိုပါတယ်။ ဒါမှလည်း တစ်ယောက်ရဲ့ စိတ်ထဲမှာ တစ်ယောက် ရာသက်ပန် နေထိုင်နိုင် မှာပေါ့လေ။

 B- Be best of friends

အကောင်းဆုံး မိတ်တွေတွေ ဖြစ်နေကြဖို့ လိုတယ်လို့ ပြောထား ပါတယ်။ ဟုတ်ပါရဲ့.. ဒါမှလည်း တစ်ယောက်ကို တစ်ယောက် ဆိုးတိုင်ပင် ကောင်းတိုင်ပင် သဘောထားရင်း ပိုပြီး ခင်တွယ်လာ ကြပါလိမ့်မယ်။

 C- Comprise

အစစ အရာရာ ကျေအေးပေး ကြပါတဲ့။ ဟုတ်ပါတယ်။ ကောင်လေးက ဘီယာသောက် လာရင်လည်း ကောင်မလေးက သိပ်ပြီး ဆူပူမနေ သင့်သလို ကောင်မလေးက ဆူပူ နေရင်လည်း ကောင်လေးက ခွင့်လွှတ်ပြီး နားလည်ပေး သင့်ပါတယ်။