ဘဝဆိုတာ
ခပ်ကျကျဖျော်ထားတဲ့ လက်ဖက်ရည်ခွက်
တချို့တလေကလွဲလို့
အားလုံးအတွက် အရသာကောင်းတစ်ခုဖြစ်မနေဘူး။
“ကိုယ့်အိပ်မက်ကိုယ် သေချာစည်းနှောင်ထား”
အဲဒီအသံထွက်ကိုက မရဲတရဲ
(တခါတခါ)
မင်နီရာတွေတောင် စွဲနေခဲ့သေးတယ်။
အပေါ်ရောက်နေတိုင်း အောက်ကိုမထေမဲ့မြင်ငုံ့မကြည့်နဲ့
ဟန်ချက်ပျက်ရင် သေနိုင်တယ်။
ဘာပဲဖြစ်ဖြစ်
အားလုံးဟာ လမ်းတော့လျှောက်ခဲ့ရဖူးသူတွေချည်း။
ကိုယ့်ကျောပြင်က
သူများအတွက် ပစ်မှတ်တစ်ခုဖြစ်နေနိုင်တာသတိထား
တကယ့်ဘဝထဲမှာ
ကိုယ်ရံတော် ဘယ်နှစ်ယောက်ထားထား မလုံဘူး။
ခေါဘဏီ ဘယ်နှစ်တပ်ချီချီ မနိုင်ဘူး။
ဟုတ်တယ်၊ တချို့တလေအတွက်ကလွဲလို့
ဘဝဆိုတာ အရသာသိပ်မရှိလှတဲ့
ခပ်ကျကျလက်ဖက်ရည်တစ်ခွက်။
သူရဿဝါ
၁၂ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment