Showing posts with label "မေ" ကဗျာများ. Show all posts
Showing posts with label "မေ" ကဗျာများ. Show all posts

Monday, March 09, 2009

မေ (ဒါမှမဟုတ်) ပန်းတွေပွင့်လာစေတဲ့ဂါထာ

မနေ့ကလိုပဲ ဒီနေ့လည်း လမ်းလျှောက်ထွက်မိပါတယ်
ကိုယ့်ရဲ့ဂါထာလေးကိုပဲ ချီလို့ပိုးလို့ ရွတ်လို့ဖတ်လို့
ညနေကလည်း လင်းလိုက်တာကွယ်
မေ..
ဘယ်တော့မှမမောပန်းစေခဲ့သော ကိုယ့်ရဲ့လျှောက်လမ်းကလေး
မေ.. ဘယ်တော့မှမပျင်းရိစေသော ကိုယ့်ရဲ့ပြခန်းကလေး။

ကျိန်စာတွေ လွတ်ကင်းပပျောက်သွားတဲ့ လဟာ
ပျိုးခင်းတွေကို သပ်သပ်ရပ်ရပ်ခင်းကျင်းလို့
ညကို အုပ်မိုးပစ်တယ်
အသစ် အသစ်သော နာကျင်(စေနိုင်)ခြင်းများ
ကိုယ်နဲ့ တမိုးထဲ တမြေထဲ (ထပ်ခါထပ်ခါ စီးမျော)
မေကလွဲပြီး
မေကလွဲပြီး.. ဘယ်သူမှဖတ်လို့မရမယ့် ကဗျာကို
အားလုံးရှေ့မှောက် ကိုယ်ရေးပါတယ်။

Thursday, February 26, 2009

အိပ်လို့မရတဲ့ ကဗျာ


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


တိတ်ဆိတ်
ကားသံ လူသံ မြို့ပြအသက်ရှူသံတွေ တိတ်ဆိတ်
ကိုယ်ကတော့ အိပ်လို့မရဘူး မေ။
လွမ်းတဲ့စိတ်နဲ့ ကိုယ့်ကဗျာ
တစ်လွှာချင်းပျော်ဝင်လာတဲ့အချိန်။

ကိုယ်က တစ်ယောက်တည်းပါမေ
ဒါပေမဲ့ အတွေးကတော့ တိမ်တွေလိုမျော
အတောမသတ်နိုင်ဘူး။