Showing posts with label ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း. Show all posts
Showing posts with label ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း. Show all posts

Wednesday, February 13, 2008

ပျံသန်းခြင်း


ဟိုး.. ခပ်မြင့်မြင့်က

တိမ်ညွန့်တွေခူးစားဖို့

သန့်စင်တဲ့လေကို ပေါ့ပေါ့ပါးပါးရှူရှိုက်ဖို့

အတောင်ပံတွေ တဖြန်းဖြန်းခတ်

အစိုင်အခဲပေါင်းစုံထိုးခွဲပျံသန်းပြီး

ကောင်းကင်တံခါးကိုဖွင့်ဖို့

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားနေကြပုံ။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း၊ ဇူလိုင်၊ ၂၀၀၇
Image source; Images.google.com

Tuesday, February 12, 2008

မင်းဖတ်ကြည့်ဖို့မလိုတဲ့ကဗျာ


 

 

 

 

 

 

 

 

 

ပူပန်လို့မှ မဆုံးသေး

ငါကျမယ့်မျက်ရည်ကို မြင်ချင်လာပုံရတယ်။

ဘေးကဖြတ်လျှောက်သွားပုံကိုက

တီတီတာတာစကားတွေမပြောဖူးတဲ့အတိုင်း

ကြည်ကြည်နူးနူးမျက်လုံးမျိုးနဲ့မကြည့်ဖူးတဲ့အတိုင်း

မင်သေပေမယ့်ထောင့်မကျိုးဘူး။

မင်းဘေးကကောင်ကြောင့်

ငါ့ဖြစ်တည်မှုကိုအကျိုးကြေခံမယ်လို့ထင်တာ

မင်းရဲ့အမှား။

နစ်မြုပ်ခဲ့သလောက် ငါခံစားတယ်

ပိုးစိုးပက်စက် ဖြစ်မသွားဘူး

မခံချင်စိတ်နဲ့ ရေးတဲ့ကဗျာ

ဆော်ဒါမရောဘူး

ရေခဲမထည့်ဘူး

ဝီစကီဖန်ခွက်မလိုဘူး။

Monday, February 11, 2008

၂၁ ရာစု ဒဿဂီရိ ပုံပြင်သစ်


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
- ၁ -

သူတရားထိုင်နေသည်။ ဝင်သက်နှင့် ထွက်သက်ကြားမှ ပါးလျသော ငြိမ်းအေးမှု တစ်မျိုးကို ခံစားနေမိ၏။ ထိုစဉ်မှာပဲ ကောင်းကင်မှ ကျယ်လောင်သော လေယာဉ်သံကို ကြားလိုက်သည်။ ပြန်ပြီး စုစည်း မရတော့သည့် အာရုံထဲသို့ အတွေးတချို့ ဖြတ်ဝင်လာ၏။ ဒီလောက် တောကြီးမျက်မည်း ထဲကို ဒီလေယာဉ်က ဘာစိတ်ကူး ပေါက်ပြီး ရောက်လာပါလိမ့်။ အိုး၊ ၂၁ ရာစုတောင် ရောက်နေမှပဲ၊ တောထဲ လေယာဉ် ရောက်တာလောက် ကတော့ မဆန်း လှပါဘူးလေ။ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရင်းမှ အမှတ်တမဲ့ မိုးပေါ်မော့ကြည့် လိုက်မိသည်။ အလို၊ လေယာဉ်ပေါ်က လွင့်ကျလာတာ ဘာပါလိမ့်။ စူးစမ်းချင်စိတ်နှင့် ဘာမှန်း မသိသော အရာဝတ္ထုလေး မြေပေါ်ကျ အလာကို စောင့်နေလိုက်သည်။ ထိုအရာဝတ္ထုလေး ကလည်း သူ့အနားကိုပဲ ဆိုက်မြိုက်စွာ ကျလာ၏။

 

“ဪ စာရွက်တစ်ရွက်ပဲ”

တစ်ယောက်တည်း ရေရွတ်ပြီး ဘာရယ်မဟုတ် ကောက်ယူ ကြည့်လိုက်သည်။

 

“အိုး..”

စူးစူးနစ်နစ် ရေရွတ်ရင်း ချာလည်သွားသော စိတ်နှလုံးကို မနည်း ပြန်ထိမ်းယူ လိုက်ရ၏။ ဒါတောင်၊ ခုနက တရားမှတ် ထားတဲ့အခံ ရှိပေလို့ဟုလည်း တွေးမိသေး၏။ သူ ကောက်ယူကြည့် လိုက်မိသော စာရွက်ထဲမှာက လှပ ပြေပြစ်လွန်းသော မိန်းမငယ် တစ်ဦး၏ ဓာတ်ပုံ။ အောက်ဖက်မှာက ကွန်ပျူတာ စာစီထားသော စာလုံးအချို့။ “ရွှီး”ခနဲ လေတစ်ချက် ချွန်ရင်း စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။