Showing posts with label ပန်းအလင်္ကာ မဂ္ဂဇင်း. Show all posts
Showing posts with label ပန်းအလင်္ကာ မဂ္ဂဇင်း. Show all posts

Monday, January 25, 2010

ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး


ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး
- သူရဿဝါ -

မီးညှိလို့တောင်မရတော့တဲ့ ဆေးပေါ့လိပ်အတိုလား
ပါရမီရှင်လား၊ လုပ်တိုင်းဖြစ်သူလား၊ ဒါမှမဟုတ်
လစ်တိုင်းဖြုတ်တာလား၊ ဥစ္စာပျောက်မှမဟုတ်ဘူး
ဥစ္စာခြောက်ရင်လည်း ငရဲရောက်တာ သိစေလို . . .
ကျွန်တော်မတွေးတတ်တော့ဘူး . . . ခင်ဗျားဘာလဲဆိုတာ
ဘယ်ယိမ်းညာယိမ်း အဲဒီစိတ်အစုတ်တွေသိမ်းလိုက်
ကိုယ့်ကိုယ်ကိုဂီယာထိုး ကိုယ့်ကိုယ်ကို စက်နှိုး
ဆက်နှိုး . . . ဆက်နှိုး . . . မနိုးမချင်းပေါ့ စက်နှိုး
“အေး ချမ်း ငြိမ်း ဖြူ စင် မြင့် မြတ်”
နာမည်ကတော့ အမိုက်စားပဲ . . . ဒါကလွဲလို့