Showing posts with label ဟယ်လင် ကဗျာများ. Show all posts
Showing posts with label ဟယ်လင် ကဗျာများ. Show all posts

Friday, May 08, 2009

ဟယ်လင်


- ၁ -
မိုးလိုမြေလို ကျယ်ကျယ်လျားလျား ရူးသွပ်ခဲ့မှုတွေအတွက်
ငါ့ကို ချစ်တယ်လို့ပြောပေးပါ ဟယ်လင်။

ငါက နင်မျှော်လင့်ရမယ့် ကမ္ဘာဦးအလင်းဖြစ်ချင်တယ်
ငါက နင်ကြည့်နေရမယ့် မှန်တစ်ချပ်ဖြစ်ချင်တယ်
ငါက နင်စကားစမြည်ပြောမယ့် အိမ်နီးနားချင်းဖြစ်ချင်တယ်
ဟယ်လင်ရေ
ငါ့ရဲ့နတ်ဖုရားမရေ
ငါ့တစ်ယောက်တည်းညတွေဆီ ပျံသန်း
ငါ့အလွမ်းကို နှုတ်သိမ်းပေးပါ။