Showing posts with label “၂၀၀၇ အဂၤါည” ကဗ်ာမ်ား. Show all posts
Showing posts with label “၂၀၀၇ အဂၤါည” ကဗ်ာမ်ား. Show all posts

Friday, January 28, 2011

အချစ်ဆိုတာ ေဆးဆိုးထားတဲ့ နင့်ဆံပင်ေတွလိုပဲ ဇင်ဇင်


အချစ်ဆိုတာ ေဆးဆိုးထားတဲ့ နင့်ဆံပင်ေတွလိုပဲ ဇင်ဇင်
- သူရဿဝါ -

[၁]
မထင်မှတ်တဲ့လမ်းတစ်ေနရာမှာ
လွန်ခဲ့ြပီးတဲ့နှစ်ကာလအချို့က ငါ့ကိုဆူးေတွလိုလာြငိတယ်
နင်ေတာ်ေတာ်ပိန်သွားတယ် ဇင်၊
ေနေရာေကာင်းရဲ့လား၊ ဆံပင်ေတွလည်း တိုသွားတယ်
ဘာမှေတာ့မြဖစ်ပါဘူး။ ဒါပေမဲ့
ကျွန်ေတာ့်စိတ်ထဲ တစ်ခုခုေတာ့ြဖစ်သွားတယ်။

Saturday, November 27, 2010

ကျွန်တော့်ကြောင့် မစ္စတာဘီးန်ဟာ ရယ်စရာမကောင်းတော့



“ကျွန်တော့်ကြောင့် မစ္စတာဘီးန်ဟာ ရယ်စရာမကောင်းတော့”


မစ္စတာဘီးန်ရဲ့ဟာသတွေလည်း မရယ်ရတော့ပါ။
လွန်လေပြီးသောခုနှစ်တစ်ခု မျက်စိရှေ့မှာ ခပ်တည်တည် ပြန်ရောက်လာပြီးနောက် …
ကီးဘုတ်မှတဆင့် ကွန်ပျူတာမျက်နှာပြင်ပေါ်သို့ ပို့လွှတ်သော
ကိုယ်/ ဟာသ၊ ကိုယ် (ကိုယ်တိုင်) ဟာသ၊ အထွေအထူးတော့ မဟုတ်ပါဘူး။
“မတွေ့ကြတာအတော်ကြာပြီနော်” ဆိုတာက အရမ်းကိုရယ်ရတာ။
ဒီလိုလေ … မစ္စတာဘီးန်က မရယ်ရတော့ဘူး၊ ဆိုပြီးတော့ ကျွန်တော် ဟာသတစ်ခုပြောပြလိုက်တယ်။
“ဒီမယ် မမခရေရဲ့ … အချစ်ဆိုတာ ရိတ်ချင်တိုင်းရိတ် နှုတ်ချင်တိုင်းနှုတ်ရအောင်
မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး မဟုတ်ဘူး” ဘယ်လိုလဲ မမခရေ … ရယ်ရတယ်မဟုတ်လား။
တွန်းကန်လိုက်တဲ့ကောင်က ပြန်ပြီး လွင့်   လွင့် လွ င့်  စ ဥ် လာ ။
ခရမ်းရောင်ဟာ သင်္ကေတတစ်ခု၊ ဂစ်တာကြိုးပြတ်နေတဲ့ နိမိတ်ပုံက ရိုးသွားပြီဆိုရင် ဘာထပ်ဖြည့်မလဲ။
၂၀၀၇ ခုနှစ်ရဲ့ မိုးရာသီတစ်ခုလုံးဟာ ဟာသဇာတ်လမ်းပဲ၊ ကျွန်တော့် ဒိုင်ယာရီထဲက စကားလုံးတွေဟာ
သိပ်ရယ်ရတဲ့ စကားလုံးတွေအပြည့်ပဲ၊ လှလှပပ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ နာဇီတံဆိပ်ကြီး ကပ်ထားမယ်လို့
ဘယ်သူက ထင်မှာလဲ။ အဲဒါ ဟာသပဲပေါ့ မမခရေ။
ဟာသဆိုတာ … ကြည့်နေသူအဖို့ ရယ်ရပေမယ့် ဟာသဖြစ်နေတဲ့သူအဖို့တော့ ငိုစရာပဲ၊ ဒုက္ခပဲတဲ့။
လူသားဖြစ်တည်မှုရဲ့ တလွဲတချော် ကိစ္စတွေထဲ မစ္စတာဘီးန်ဟာ စနစ်တကျကူးခတ်ပြတော့ ဟာသဖြစ်သွားတယ်။
ဒါပေမယ့် မစ္စတာဘီးန်က ကျွန်တော့်လိုတော့ မျက်ရည်တွေကျနေတာကို ရယ်စရာဖြစ်သွားအောင် မပြုလုပ်နိုင်
ပြောရမယ့်စကားတွေနဲ့ အချိန်ကာလဟာ တေ့လွဲကလေးလွဲနေတာ။
ဘယ်လိုလဲ … ရယ်ရတယ်မဟုတ်လား မမခရေ။
၂၀၁၀ ရောက်တဲ့အချိန်မှာ မစ္စတာဘီးန်ဟာ ဘယ်လိုမှ ရယ်စရာမကောင်းတော့ဘူး။


သူရဿဝါ
နိုဝင်ဘာ ၂၇ ရက် ၊ ၂၀၁၀ ခုနှစ်

Sunday, December 06, 2009

နှင်းဆီဟာမမလက်ထဲပါသွားပြီး ရနံ့ဟာကျွန်တော့်လက်ထဲကျန်ခဲ့


ကျွန်တော်က “မမ” ဆီရောက်ဖို့နောက်ကျ
“မမ” ကလည်း ကျွန်တော့်ဆီရောက်ဖို့နောက်ကျ
ပြီးတော့ ရထားကလည်း ကျွန်တော်တို့နှစ်ယောက်ဆီ
တည့်တည့်မတ်မတ် နောက်ကျခဲ့ပြီ
ကံစီမံရာအတိုင်း . . . “မမ” စီမံရာအတိုင်း
ကျန်ခဲ့ပါတယ်
ကျွန်တော်နဲ့ ဘူတာရုံနဲ့ တိတ်ဆိတ်ကြေကွဲမှုဟာ ဒီအတိုင်း
ကျွန်တော်ဘာလို့ စိတ်ကူးယဉ်ခဲ့မိပါသလဲ
ကျွန်တော်ဘာလို့ “မမ” အပေါ်မယဉ်ကျေးခဲ့မိပါသလဲ
နောင်တက ကျွန်တော့်ကို လွှဲဖြတ်ရိုက်ချတယ်

အကြောင်းပြချက်တွေပါ “မမ” ရယ်
“မမ” ဖုန်းနံပါတ်ကိုမေ့ပစ်ပါ့မယ်
ပြောခဲ့ဖူးသမျှစကားတွေမေ့ပစ်ပါ့မယ်
“မမ” ရယ်လိုက်ပုံလေး . . . “မမ” ဆီခဏလေး . . .
အားလုံးမေ့ပစ်ပါ့မယ်
ခဏလေး . . . ခဏလေး . . . ခဏလေးပဲ “မမ” ရယ်
“မမ” ပြောသလို အကြောင်းပြချက်တွေပါ
ကျွန်တော် . . . အရာရာမေ့ပစ်ပါ့မယ်
ခဏလေးပြန်တွေးပြီးရင်
ကျွန်တော် . . . တကယ်မေ့ပစ်လိုက်ပါ့မယ် . . .




“ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်
လုံအောင်လည်းမပုန်းနိုင်ကြပါဘဲနဲ့
တစ်ယောက်ကိုတစ်ယောက်
တွေ့အောင်လဲမရှာမိကြဘူး”
အဲဒီစကားကို ကျွန်တော် . . .
အဆိပ်လို သောက်ပစ်လိုက်တယ်။

ရထားကိုမြင်ခွင့်ရရင်တော့
(ဘူတာရုံလေးလဲကျသေဆုံးခဲ့တဲ့အကြောင်း)
သိချင်သိခွင့်ရခဲ့မယ်
အကျိုးကျိုးအပဲ့ပဲ့ မှတ်တိုင်များ
(ကျွန်တော်) ပြဒါးတစ်လမ်း (မမ) သံတစ်လမ်း
“မမ” ဟာ ကောင်းကင်ဆွဲအား တည့်တည့်က ပန်းတစ်ပွင့်
ကျွန်တော်ကြားလိုက်ရတဲ့အသံက
တိုးသဲ့လွန်းတယ် “မမ” ရယ်

လွန်ခဲ့တဲ့သုံးနှစ်ဟာ အခုကျနော့်ရှေ့ကိုပြုတ်ကျ
“မမ” မရှိတော့သလို အော်လ်တာရှပ်အဖြူလေးမရှိတော့ဘူး
ငွေလက်စွပ်လေးမရှိတော့ဘူး၊ စက္ကူငှက်ရုပ်လေးမရှိတော့ဘူး
တနင်္ဂနွေနေ့မရှိတော့ဘူး နောက်ပြီး . . .
မိုးစက်တွေကို မက်မက်မောမောခံယူတတ်တဲ့ကောင်လေးမရှိတော့ဘူး
ကျွန်တော်ဟာ လွန်ခဲ့တဲ့သုံးနှစ်ထဲ ပြုတ် ကျ ကျန်ခဲ့တယ်
သည်းသည်းမဲမဲ ညမိုးစက်တွေအောက်
လူငယ်လေးတစ်ယောက် ချိချိနဲ့နဲ့လမ်းလျှောက်ဖူးတယ်
အမူအယာခပ်ရိုင်းရိုင်း အရူးတစ်ပိုင်းဖြစ်ဖူးတယ်
“မမ” ရယ် . . . ကျွန်တော်လေ . . .
အဲဒီလို . . . သောကတွေ တစ်ခန်းလုံးအပြည့်
ဖြန့်ချထားခဲ့ဖူးတယ်

ကြယ်ပွင့်လေးတစ်ပွင့်ကိုမြင်ဖို့
ကောင်းကင်ကို ကျွန်တော်က အမှောင်ချခဲ့မိတယ်
နားထောင်ကောင်းအောင်လို့တော့
(တကယ်) မရည်ရွယ်ပါဘူး
ကျွန်တော့်တကိုယ်လုံး မျက်ရည်တွေဖြစ်သွားစေလောက်တဲ့အထိ
ကျွန်တော် ငိုမိတယ်

အခု
“မမ” အကြောင်း ဒိုင်ယာရီကိုကြည့်ရင်း
ကျွန်တော် သိလာပြီ . . .
“မမ” ရော “ကျွန်တော်” ရော
တစ်ယောက်ဆီတစ်ယောက် တည့်တည့်မတ်မတ် နောက်ကျခဲ့ပြီဆိုတာ . . . .

ယခုကဗျာ၏ ခေါင်းစဉ်နှင့် စာသားအချို့ကို ကဗျာဆရာဇာတိမှ ကျေးဇူးပြုပါသည်