Showing posts with label ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း. Show all posts
Showing posts with label ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း. Show all posts

Wednesday, February 13, 2013

ေဖေဖာ်ဝါရီလထုတ် Teen မဂ္ဂဇင်းထဲက Blogger Voice


ေဖေဖာ်ဝါရီလထုတ် Teen မဂ္ဂဇင်းထဲက Blogger Voice
- သူရဿဝါ -

ဖူးငံု ဆယ်ေကျာ်သက် မဂ္ဂဇင်းရဲ့ Blogger Voice ကဏ္ဍ အတွက် စာေရးဆရာမ ြမေသွးနီက ကျွန်ေတာ့်ကို လာေရာက် ေမးြမန်းခဲ့တာ ြဖစ်ပါတယ်။ ၂၀၁၃ ခုနှစ်၊ ေဖေဖာ်ဝါရီ လထုတ်၊ Teen မဂ္ဂဇင်းမှာ ပံုနှိပ်ေဖာ်ြပ ပါရှိခဲ့တဲ့ မူရင်း အတိုင်း ြပန်လည် မျှေဝ ဖျေွာပ ပေးလိုကျ ပါတယ်။

လူငယ်နှင့် နိုင်ငံေရးအြမင်
- ြမေသွးနီ -

ယခုအခါ တိုင်းြပည်၏ နိုင်ငံေရး အေြပာင်းအလဲ၊ နည်းပညာ တိုးတက် လာမှုနှင့် မီဒီယာ လွတ်လပ်ခွင့် ရရှိလာမှု အေပါ် အချိန်နှင့် တေြပးညီ ြပည်တွင်း ြပည်ပ နိုင်ငံေရး သတင်း များကို ြပည်သူအများ သိရှိ လာြက၏။ “ယေန့ေခတ် လူငယ် များသည် အနာဂတ်၏ ေခါင်းေဆာင် ေကာင်းများ ြဖစ်သည်” ဆိုသည့် စကား နှင့်အညီ ထိုအေြခအေန အေပါ်တွင် လူငယ်များ ကိုယ်တိုင် နိုင်ငံေရး အေပါ် စိတ်၀င်စားမှု ယခင်ထက် ပိုမို ရှိလာ ြကသည်ကို ေတွွှ့ြမင်ရ၏။ လူငယ် ဘေလာ့ဂါ လည်းြဖစ်၊ စာေရးဆရာ တစ်ဦးလည်း ြဖစ်သည့့် စာေရးဆရာ/ ဘေလာ့ဂါ သူရဿဝါ၏ လူငယ်နှင့် နိုင်ငံေရး အြမင်ကို  ဒီတစ်လ Blogger Voice အတွက် ဖျေွာပ ပေးလိုကျ ပါသည်။

Tuesday, February 14, 2012

အချစ်ဟာ ကိုယ့်ဘဝေပါ် အလျားလိုက်ြဖတ်သန်းစီးဆင်း


အချစ်ဟာ ကိုယ့်ဘဝေပါ် အလျားလိုက်ြဖတ်သန်းစီးဆင်း
- သူရဿဝါ -

အချစ်ဟာ လူငယ်ဘဝရဲ့သူရဲေကာင်းဝါဒ ၊
မီးလှျံြကားထဲက နီနီရဲရဲနှင်းဆီ ၊ နတ်သမီးေထာင်ေချာက် ၊
ကျည်ေတာင့်ေတွစိုက်ဝင်ေနတဲ့ ပစ္စုပ္ပန်ကျည်ကာအကျင်္ီ ၊
ဟာသဆန်ဆန်ယံုြကည်မှုအနည်းငယ် ၊
နှစ်ဦးနှစ်ဖက်တည်ေဆာက်ထားတဲ့နားလည်မှုတိမ်တိုက် ၊
ေနာင်တစ်ချိန်မှာတစိမ့်စိမ့်ြပန်ေတွးချင်စရာေကာင်းလာမယ့်
အိပ်ယာဝင်ပံုြပင် ၊ ကိုယ့်ေဘးနားရှိေနမယ့် ဆေးပေးမီးယူကိစ်စ ၊
နွမ်းနယ်လာေပမယ့် ဘယ်ေတာ့မှပွင့်ဖတ်ေတွေြကွကျမသွားတဲ့
နှင်းဆီပန်းကေလး ။

Wednesday, August 24, 2011

ဖွင့်ချလိုက်တယ်၊ ေပျာက်ဆံုးြခင်း ထွက်ကျလာတယ်


ဖွင့်ချလိုက်တယ်၊ ေပျာက်ဆံုးြခင်း ထွက်ကျလာတယ်
- သူရဿဝါ -

[၁]
အလင်းေရာင်အြပည့်နဲ့ အခန်းကျယ်ြကီးထဲမှာ
ကျွန်ေတာ်ဟာ တစ်ကိုယ်ရည်တစ်ကာယ ေမှာင်မိုက်ေနခဲ့တာ ြကာြပီ ။

Wednesday, March 16, 2011

ကျွန်ေတာ်နှင့် Teen Magazine ၏ Cyber Bullying အေြကာင်း အင်တာဗျူး


ကျွန်ေတာ်နှင့် Teen Magazine ၏ Cyber Bullying အေြကာင်း အင်တာဗျူး
- သူရဿဝါ -

ြပီးခဲ့တဲ့ [၁]လပိုင်း တုန်းက ကျွန်ေတာ့်ရံုးကို Teen မဂ္ဂဇင်းက သတင်းေထာက် ေနလွင် ဖုန်းဆက် လာပါတယ်။ Teen’s Opinion ကဏ္ဍအတွက် အင်တာဗျူး လုပ်ချင် ပါတယ်တဲ့။ သူ ေဆွးေနွးချင်တဲ့ ေခါင်းစဉ်က Cyber Bullying ပါ။ အဲဒီ အေြကာင်းကို ဒီနုိင်ငံမှာ လူသိပ် မသိြက ေသးပါဘူး။ ေြဖေပးရမယ့် ကျွန်ေတာ် ကိုယ်တိုင်ေတာင် ဇေဝဇဝါနဲ့။ Cyber Bullying အေြကာင်းကို ေသချာ ေြဖနိုင်ဖို့ စာေတွြပန်ရှာ ဖတ်လိုက် ရပါေသးတယ်။ တစ်ေန့က မဂ္ဂဇင်း ထွက်လာပါတယ်။ ဒါေြကာင့် ကျွန်ေတာ် အခုအဲဒီပိုစ့်ကို ြပန်တင်ေပး လိုက်ပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လထုတ် Teen Magazine ရဲ့ Teen’s Opinion ကဏ္ဍမှာ ကျွန်ေတာ်နဲ့ လူငယ် စာေရး ဆရာမ ဇူးဇူးမွန်တို့ကို Cyber Bullying အေြကာင်း ဆှေးနှေးထားတာပါ။ ဖတျွကညျွ့ကပါဦး။

Thursday, September 09, 2010

ကဗျာဆရာအောင်ရင်ငြိမ်းနဲ့ စာမျက်နှာပေါ်က အင်တာဗျူး (၂)

-->

ပြီးခဲ့တဲ့လက ကျွန်တော်တို့ “နံနက်ခင်းကြယ်စင်စု” နဲ့ ကဗျာဆရာ အောင်ရင်ငြိမ်းတို့ရဲ့ စကားဝိုင်းကို ကျွန်တော် တင်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ စကားဝိုင်း (အင်တာဗျူး) ကို ဖော်ပြပေးတဲ့ Teens မဂ္ဂဇင်းက ပထမပိုင်းပဲ ဖော်ပြပေး ခဲ့တာမို့ ကျွန်တော်လည်း ပထမပိုင်းပဲ တင်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ဒုတိယပိုင်းပါတဲ့ Teens မဂ္ဂဇင်း၊ စက်တင်ဘာ လထုတ် ထွက်လာပြီမို့ စကားဝိုင်း ဒုတိယပိုင်းအဖြစ် ပြန်တင်ပေးလိုက်ပါတယ်။ ပထမပိုင်း မဖတ်လိုက်ရတဲ့သူများ ဖတ်ချင်ရင် ဒီမှာ … ဖတ်လိုက်ပါ။

“ကဗျာဆရာအောင်ရင်ငြိမ်းနဲ့ စာမျက်နှာပေါ်က အင်တာဗျူး (၂)”

အောင်ရင်ငြိမ်း ခေတ်ပြိုင် မြန်မာ ကဗျာ လောကရဲ့ ကဗျာ အယူအဆ ရေးရာ တွေကိုရော စိတ်ဝင်စား ကြလား။ ပင်မရေစီး ခေတ်ပေါ်ကဗျာ၊ နီယိုမော်ဒန်၊ ပို့စ်မော်ဒန်၊ L.P၊ စမ်းသပ်ကဗျာ၊ စကားပြေကဗျာ၊ Collage ကဗျာအမျိုးအစား အယူအဆ တွေအပေါ် ညီလေးတို့ အမြင်ကိုပြောပါဦး။ Online Poetry Group ရဲ့ “နံနက်ခင်းကြယ်စင်စု” ကဗျာပန်းဖလက် ကိုတော့ ပင်မရေစီး ခေတ်ပေါ်ကဗျာတွေလို့ ကိုယ်မြင်မိတယ်။

ကျေးတော်မျိုး ကဗျာ အယူအဆရေးရာကို စိတ်ဝင်စားပါတယ်။ အယူအဆရေးရာ ဆောင်းပါးတွေကိုလည်း ဖတ်ဖြစ်တယ်။ ဒါပေမယ့် ကဗျာအမျိုးအစား တွေကိုတော့ မဝေဖန်ချင်ပါဘူး။ တာဝန်ကြီးတယ်။ နောက် အန္တရာယ်များတယ်။ လွတ်လပ်စွာ စီးမျောတာပဲ ကောင်းမယ်ထင်တယ်။ ကျွန်တော်တို့ “နံနက်ခင်းကြယ်စင်စု” ကို အခုလို သတ်မှတ်ပေးတာ ကျေးဇူး တင်ပါတယ်။

နေ့သစ် ကျွန်တော်တို့ဟာ ကဗျာကို လွတ်လပ်မှု တစ်ခုနဲ့ ရေးနေကြတဲ့ လူငယ်တွေပါ။ လက်ရှိ ကဗျာလောကရဲ့ အယူအဆ၊ အသစ် အသစ်သော ဖန်တီးမှုတွေနဲ့ ကဗျာရဲ့အရွေ့ကို အလေးထား စောင့်ကြည့်နေတဲ့ လေ့လာဆည်းပူး သူများလည်း ဖြစ်ပါတယ်။ ကဗျာရဲ့ အရွေ့မှာ ကျွန်တော်တို့ ကိုယ်တိုင်လည်း လိုက်ပြီး ရွေ့နေကြတာပါ။ ကဗျာ အမျိုးအစား ခွဲခြား၊ ကွဲပြားမှုတွေနဲ့ ပတ်သက်လို့ကတော့ ကဗျာ ဖန်တီးသူတိုင်းဟာ ကိုယ့်အယူအဆ ကိုယ့် လွတ်လပ်ခွင့်နဲ့ ကိုယ်ဖန်တီး ကြပါတယ်။ ကျွန်တော့် အနေနဲ့ကတော့ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ဖို့ပဲ အဓိကလို့ ထင်ပါတယ်။

ဥက္ကာကိုကို ကဗျာ အယူအဆ မှန်သမျှ စိတ်ဝင်စားပါတယ်။ တချို့ဟာတွေကို လိုက်မမီတာလေး တစ်ခုပဲရှိပါတယ်။ ကျွန်တော်တို့ အခုရေးတဲ့ ကဗျာအများစုက ပင်မရေစီး ခေတ်ပေါ်ကဗျာတွေဆိုတာ မှန်ပါတယ်။ တခြားတံဆိပ် ကပ်လို့ ရမယ့် ကဗျာတွေလည်း ရွေးထားပါတယ်။ ကဗျာ အမျိုးအစားက ဘာ၊ အယူအဆက ဘာဆိုတာတော့ ကျွန်တော် ဘာမှ မမြင်ချင်ပါဘူး။ ဖတ်သူနဲ့ ဝေဖန်သူက သူ့ဘာသာ တံဆိပ်ခတ်သွားပါလိမ့်မယ်။

အောင်ရင်ငြိမ်း Blogger တွေအနေနဲ့ ကဗျာအနုပညာ၊ အတွေ့အကြုံ၊ အယူအဆတွေကို ဘယ်လို နည်းလမ်းနဲ့ လေ့လာ သင်ယူကြသလဲ။  ညီလေးတို့ကြိုက်တဲ့ ပြည်တွင်းပြည်ပက Online/Print ကဗျာဆရာနဲ့ သူတို့ ကဗျာတွေအကြောင်း ပြောပါဦး။

သူရဿဝါ Blog ကဗျာရေးသူတွေ အနေနဲ့ ကဗျာစရေးတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ခံစားမှု စကားစုလေးတွေကို ချရေးပြီး “ကဗျာ” လို့ ခေါင်းစဉ်တပ်လိုက်ကြတာ များပါတယ်။ ဒါပေမယ့် ကဗျာ အနုပညာထဲ ပျော်ဝင်လာတဲ့ အခါမှာတော့ ရေးရုံတင်မက အခြားကဗျာတွေကိုပါ  ဖတ်လာကြရပါတယ်။ အဲဒီလိုနဲ့ပဲ ကိုယ်လက်လှမ်း မီသမျှဖတ်မိသမျှ ကဗျာတွေဆီကနေပဲ ကိုယ့်ရဲ့ ကဗျာအရေးအသား အယူအဆတွေကို လေ့လာကူးလူးကြရတာပါ။ အမှန်အတိုင်း ပြောရမယ်ဆို Print Media ကဗျာဆရာများရဲ့ကျေးဇူး မကင်းပါဘူး။ Print Media မှာသာ ကဗျာရေစီးကြောင်း အရှိန်အဟုန် မကောင်းခဲ့ရင် Online Poetry ဟာလည်း ဒီလောက် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာမယ် မထင်ပါဘူး။ နှစ်သက် အားကျခဲ့ရပြီး လေ့လာခဲ့ရတဲ့ ကဗျာဆရာတွေကတော့ အများကြီးပါ။ ဆရာကေဇော်၊ ဆရာ တိုးနှောင်မိုး၊ ဆရာ ကြည်ဇော်အေး... စသဖြင့်ပေါ့။ ကျွန်တော်တို့ အခုလို အများကြီးရေးနိုင်ဖို့ အများကြီးဖတ်ခဲ့ရ၊ ဖတ်နေရပါတယ်။

ဥက္ကာကိုကို Online နဲ့ Print ကဗျာတွေ ဘယ်သူတွေကို ကြိုက်တယ် ဆိုတာကတော့ Byname တပ်ပြီး မပြောချင်ပါဘူး။ တော်တော်များများ ကြိုက်ပါတယ်။

နေ့သစ် ဟုတ်ကဲ့၊ ကျွန်တော်တို့ သဘောကျ လေးစားတဲ့ ကဗျာဆရာတွေရဲ့ ဖန်တီးမှု အနုပညာကို အတုယူသင့် ယူပါတယ်။ လေ့လာ သင်ယူတယ် ဆိုတာထက် ခံစားသင်ယူတယ်လို့ ပြောနိုင်ပါတယ်။ ဒီအပိုင်းတွေမှာ တစ်ဦးနဲ့ တစ်ဦး အမြင်ချင်း ကွဲပြားကောင်း ကွဲပြားမှာပါ။ ပြည်ပက အနေနဲ့ အခုတလော အမေရိကန် ကဗျာဆရာမ ရေးအာမန်ထရော့ထ်ရဲ့ ကဗျာတွေ ရနိုင်သလောက် ရှာပြီး ဖတ်ဖြစ်ပါတယ်။ ပြည်တွင်း အနေနဲ့ သဘောကျ လေးစားရတဲ့ ကဗျာ ဆရာတွေ များပါတယ်။ ဆရာပိုင်စိုးဝေ၊ ဆရာမောင်ချောနွယ်၊ ဆရာဟိန်းမြတ်ဇော် စသဖြင့်...။ အွန်လိုင်းပေါ်က အနေနဲ့တော့ ကိုညိမ်းညို၊ ကိုဆူးခက်မင်း၊ ကိုရုပ်သေး၊ ကိုနီလေး သူတို့ကဗျာတွေ ကြိုက်ပါတယ်။

Thursday, September 02, 2010

ဟန်နီဟာ မိန်းမတစ်ယောက်ဖြစ်တဲ့အကြောင်း



ဟန်နီဟာ မိန်းမတစ်ယောက်ဖြစ်တဲ့အကြောင်း
- သူရဿဝါ -

အခု ဒီကဗျာမှာ ရည်ညွှန်းတာဟာ ဟန်နီဖြစ်တယ် … ဆိုပေမယ့် သီချင်းတွေထဲကဟန်နီ မဟုတ်ဘူး။
“ရက်စက်တဲ့ဟန်နီ”  “ညဥ့်ငှက်မလေးဟန်နီ” မဟုတ်ဘူး။ ကဗျာတွေ၊ သီချင်းတွေထဲ မြင်နေ တွေ့နေကျ ဟန်နီ မဟုတ်ဘူး။
ဟန်နီဟာ ဟန်နီဖြစ်တယ်။
မိန်းမတစ်ယောက် … ဒီထက်ပိုရှင်းအောင်ပြောရရင် အရွယ်ရောက်ပြီးတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်။
အခု ဒီကဗျာရဲ့ ရည်ညွှန်းအမျိုးသမီးဟာ ဟန်နီဖြစ်တယ်ဆိုပေမယ့် ကဗျာဆရာ မြင်ဖူး၊ တွေ့ဖူးတဲ့ မိန်းမတွေအကုန်လုံး ဖြစ်တယ်။
ဟန်နီရဲ့အကြောင်းဖြစ်တယ် ဆိုပေမယ့် ကဗျာဆရာနဲ့တကွ အခု ဒီကဗျာဖတ်နေသူအားလုံး ဖြတ်သန်းနေတဲ့ ခေတ်ကာလထဲမှာ တွေ့နေကျ မိန်းမတွေအကြောင်းဖြစ်တယ်။
ဟန်နီဟာ သူတစ်ယောက်တည်းအတွက်ဆိုရင်တော့ ဟန်နီပဲဖြစ်ပေမယ့် ကဗျာဆရာရဲ့ ရေးခြစ်မှုထဲ မိုဒယ်လ်ထိုင်ပေးလိုက်ရတဲ့အချိန်မှာ ဟန်နီမဟုတ်တော့ပြန်ဘူး။
ခေတ်ရဲ့သမီးပျိုပီပီ ဟန်နီ ဘောလုံးပွဲသိပ်ကြိုက်တယ်။
ယောင်္ကျားလေးတွေနဲ့ တစ်ဝိုင်းတည်းဘီယာဆိုင်ထိုင်ရဲတဲ့ အစွမ်းသတ္တိမျိုးရှိတယ်။
ဟန်နီဟာ တစ်ခါတစ်ရံ သိမ်မွေ့နေတတ်တယ်။
ဟန်နီဟာ လိုအပ်ရင် လိုအပ်သလို ညှို့တယ်၊ ငင်တယ်၊ လိမ်တယ်ခေါက်တယ်၊ လူပေးကစားတယ်၊ လိုအပ်ရင် လိုအပ်သလို အ, ချင်ယောင်ဆောင်တယ်၊ လည်ချင်ယောင်ဆောင်တယ်။

Friday, August 06, 2010

ကဗျာဆရာအောင်ရင်ငြိမ်းနဲ့ စာမျက်နှာပေါ်က အင်တာဗျူး




“ကဗျာဆရာအောင်ရင်ငြိမ်းနဲ့ စာမျက်နှာပေါ်က အင်တာဗျူး”


ပုံညွှန်း (ဝဲမှယာ) - ယုံမွန်(UFL)၊ ကျေးတော်မျိုး၊ ရွှေယုန်၊ သူရဿဝါ၊ ဥက္ကာကိုကို (သံတွဲ)၊ ရုပ်သေး၊ နေ့သစ်၊ အောင်ရင်ငြိမ်း



ကျွန်တော်နဲ့ ဥက္ကာကိုကိုတို့ တိုင်ပင်ပြီးတော့ နှစ်ပတ်တစ်ခါ ထုတ်ဝေတဲ့ “နံနက်ခင်းကြယ်စင်စု” ကဗျာ ပန်းဖလက်ကို အကြောင်းပြုပြီး ကဗျာဆရာ (ကို)အောင်ရင်ငြိမ်းက အဲဒီပန်းဖလက်မှာ ပါဝင်တဲ့ Online ကဗျာဆရာ/ ဆရာမတွေနဲ့ Teen မဂ္ဂဇင်းအတွက် စကားဝိုင်း (အင်တာဗျူး) တစ်ခုလုပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျွန်တော်တို့တွေ အဲဒီ စကားဝိုင်းမှာ “နံနက်ခင်းကြယ်စင်စု” ထုတ်ဝေ ဖြစ်တဲ့အကြောင်း၊ Online Poetry Culture အကြောင်း၊ Online Poetry နဲ့ Printed Poetry ခြားနားကွဲပြားမှုအကြောင်း စတာတွေ ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒါကို Teen မဂ္ဂဇင်းက ၂၀၁၀ ခုနှစ် သြဂုတ်လထုတ်မှာ (ပထမပိုင်းကို) ဖော်ပြပေး ခဲ့ပါတယ်။ အဲဒီ စကားဝိုင်းကို Online က စာဖတ်သူတွေပါ ဖတ်လို့ရအောင် ကျွန်တော် ပြန်တင်ပေးလိုက်ပါတယ်။ ဒုတိယပိုင်းကို နောက်လ Teen မဂ္ဂဇင်း ထွက်တဲ့အချိန်မှာ ထပ်တင်ပေး ပါဦးမယ်။

အွန်လိုင်းပေါ်က ကဗျာဆရာများနှင့် စကားစမြည်

အခု နှစ်ပိုင်းတွေမှာ အွန်လိုင်းပေါ်က ဘလော့ဂါ ကဗျာဆရာနဲ့ သူတို့ရေးတဲ့ ကဗျာတွေအကြောင်း ပုံနှိပ်မီဒီယာ ပေါ်ကို လျှံကျလာပါတယ်။
ဆရာ သစ္စာနီ ပုံမှန် ရေးသားနေတဲ့ ဘလော့ဂ်ကဗျာ မိတ်ဆက် ဆောင်းပါးတွေနဲ့ ၂၀၁၀ မတ်လ ၂၁ ရက် ကမ္ဘာ့ ကဗျာနေ့ အခမ်းအနားမှာ ဆရာ မောင်လင်းရိပ် ဖတ်ကြားခဲ့တဲ့ စာတမ်းတွေကြောင့် အွန်လိုင်း ကဗျာတွေ အပေါ် ပုံနှိပ် မီဒီယာ ကဗျာဆရာနဲ့ စာဖတ်ပရိသတ်ရဲ့ စိတ်ဝင်စားမှု မြင့်တက်လာပါတယ်။


Thursday, May 06, 2010

ခင်ဗျား ဒီမှာနေမယ်ဆိုရင် အင်တာနက်သုံးတတ်ဖို့လိုအပ်ပါတယ်



ခင်ဗျား ဒီမှာနေမယ်ဆိုရင် အင်တာနက်သုံးတတ်ဖို့လိုအပ်ပါတယ်
- သူရဿဝါ -

ခင်ဗျားအနေနဲ့ ဒီနေရာမှာနေမယ်ဆိုရင်
အင်တာနက်သုံးတတ်ဖို့တော့လိုအပ်ပါတယ် ။
အင်တာနက်ဆော့တာမဟုတ်ဘူး ၊ အင်တာနက်ကြည့်တာမဟုတ်ဘူး ၊
အင်တာနက်အသုံးပြုတာပါ ။
ခင်ဗျားအနေနဲ့ အင်တာနက်သုံးတတ်မယ်ဆိုရင်
ကမ္ဘာကျော်အဆိုတော်ရဲ့ဈာပနကို အင်တာနက်ကနေတဆင့် လိုက်ပါပို့ဆောင်ခွင့်ရနိုင်မှာဖြစ်သလို
ခင်ဗျားရဲ့ဈာပနဟာ ဘယ်နေ့ဖြစ်တယ်ဆိုတာကိုလည်း အင်တာနက်ကနေတဆင့် သိကောင်းသိနိုင်ပါလိမ့်မယ် ။
ခင်ဗျားဘာကိုရရှိသလဲဆိုတာဟာ ခင်ဗျားဘာကိုရှာဖွေသလဲဆိုတာပဲဖြစ်လို့
What you get is what you search ဖြစ်လို့
ခင်ဗျားအနေနဲ့ ဒီမှာနေမယ်ဆိုရင်
အင်တာနက်သုံးတတ်ဖို့တော့လိုအပ်ပါတယ် ။
ဘာပဲလိုလို ရန်ကုန်လမ်းညွှန်မှာရှိတယ်ဆိုတာကအစ အင်တာနက်မှာရှိတဲ့အတွက်
ခင်ဗျားဘယ်နေရာမှာရှိနေတယ်ဆိုတာအဆုံး အင်တာနက်မှာရှိတဲ့အတွက်
ဒီနေရာမှာနေမယ်ဆိုရင်တော့ ခင်ဗျား အင်တာနက်သုံးတတ်ဖို့လိုအပ်ပါတယ် ။
အင်တာနက်မှာ ထေရဝါဒဗုဒ္ဓဘာသာရှိပြီး
အင်တာနက်မှာ ယေရှုဘုရားသခင်လည်းရှိပြီး
အင်တာနက်မှာ ဒေဝဒတ်ရော မာရ်နတ်ပါရှိပြီး
အင်တာနက်မှာ ယုဒလည်းရှိပါတယ် ။
ခင်ဗျားအနေနဲ့ အင်တာနက်သုံးတတ်မယ်ဆိုရင် ဒီနေရာမှာ
ကမ္ဘာကျော်တိုက်တန်းနစ်သဘောင်္ကိုတွေ့ရှိနိုင်သလို
သာမညောင်ည အာဖရိကတောတွင်းတစ်နေရာက လူမမည်ကပ္ပလီအမျိုးသားလေးကိုလည်း တွေ့ရှိနိုင်ပါတယ် ။
What you see is what you search ဖြစ်လို့
ဗင်းဆင့်ဗင်ဂိုးရဲ့ပြတ်ထွက်သွားတဲ့နားရွက်တစ်ဖက်ကို တွေ့ရှိနိုင်ပြီး
လီယိုနာဒိုဒါဗင်ချီရဲ့ မိုနာလီဇာအပြုံးကိုလည်းတွေ့ရှိနိုင်ပြီး
ဟိုးနှစ်သန်းပေါင်းများစွာက ဒိုင်နိုဆောအစွယ်ကိုလည်းတွေ့ရှိနိုင်ပါတယ် ။
အင်တာနက်မှာ ဘိုးဘိုးအောင်ရှိ ၊ နီရူဒါရှိ ၊ အင်ဂျလီနာဂျိုလီလည်းရှိ ၊
ခရစ်စတီယာနိုရိုနယ်လ်ဒိုလည်းရှိသလို
ဖောက်တံမလိုတဲ့ ဝမ်းတီးနို့ဆီလည်းရှိပါတယ် ။
ခေတ်လွန်သိပ္ပံအက်ရှင်ကားတွေရှိသလို
သမိုင်းဝင်မှတ်တမ်းမှတ်ရာတွေရှိပါတယ် ။
What you do is what you want ဖြစ်လို့
ဒီနေရာမှာနေမယ်ဆိုရင်
ခင်ဗျားသဘောကျတဲ့ / သဘောမကျတဲ့ ဒေးဗစ်ဘက်ဟမ်းဆီကိုလည်း စာပေးစာယူလုပ်လို့ရပါတယ် ။
ဟာသသရုပ်ဆောင် မစ္စတာဘီန်းကို ဝေဖန်နိုင်သလို
ခင်ဗျားကိုယ်တိုင်လည်း မစ္စတာဘီန်းဖြစ်သွားအောင် ပြုပြင်တပ်ဆင်နိုင်ပါတယ် ။
အင်တာနက်ကပိုးမွှားတွေကိုသတ်ခြင်းအားဖြင့် ပါဏာတိပါတာကံကျူးလွန်ပြီးသားဖြစ်နိုင်သလို
နိုင်ငံရပ်ခြားက မသန်မစွမ်းကလေးငယ်အတွက် ဒေါ်လာတွေရအောင် မဆီမဆိုင် ခင်ဗျားအလှူခံပေးနိုင်မှာဖြစ်ပါတယ် ။
အင်တာနက်မှာ ခင်ဗျားကြိုက်တာတွေလုပ်လို့လည်းရပြီး ခင်ဗျားမကြိုက်တာတွေလည်း လုပ်လို့ရတဲ့အတွက်
အသက် (၁၈) နှစ်အောက်မကြည့်ရ စာမျက်နှာတွေပေါ် အသက် (၁၈) နှစ်မပြည့်သေးဘဲ ဝင်ရောက်နေနိုင်ပါတယ် ။
ခင်ဗျားအလိုဆန္ဒရှိရင် ခင်ဗျားရဲ့သွေးသားကိစ္စအတွက် အင်တာနက်ကိုကြားခံအဖြစ် အသုံးချနိုင်ပြီး
ခင်ဗျားသဘောဆန္ဒမပါဘဲနဲ့လည်း ခင်ဗျားရဲ့အနုပညာလက်ရာအချို့ ခိုးယူခံရနိုင်ပြီး
ဒါတွေအားလုံးအတွက် ခင်ဗျားအင်တာနက်သုံးတတ်ဖို့လိုပါတယ် ။
ခင်ဗျားအနေနဲ့ ဒီနေရာမှာ အင်တာနက်လည်းသုံးတတ်မယ် ၊
ကံလည်းကောင်းမယ်ဆိုရင် ကျွန်တော်နဲ့ အင်တာနက်မှာ စကားစမြည်ပြောဆိုလို့ရပြီး
ကံဆိုးမယ်ဆိုရင်တော့ ကျွန်တော့်ကဗျာတွေကို ဖတ်ရှုခွင့်ရမှာဖြစ်လို့
ခင်ဗျားအနေနဲ့ ဘာပဲဖြစ်ဖြစ်ဆောင်ထားဖို့တော့လိုအပ်ပါတယ် ။
ခင်ဗျားအနေနဲ့ ဒီနေရာမှာ အင်တာနက်သုံးတတ်မယ်ဆိုရင်
မျက်စိရှင်ရှင်ထားဖို့လိုအပ်ပြီး လိုအပ်လာရင်လည်း ဟိုကျော်ဒီခွလုပ်တတ်ရမှာဖြစ်သလို
ခင်ဗျားဟာ အနံ့အသက်တချို့ကင်းရှင်းရပါမယ် ။
နောက်ဆုံးအနေနဲ့ ခင်ဗျားဒီမှာနေမယ်ဆိုရင်တော့
အင်တာနက်သုံးတတ်ဖို့လိုအပ်မှာဖြစ်ပြီး
အထက်ပါကိစ္စတွေအားလုံးကို ကျူးလွန်နိုင်မှာဖြစ်ပြီး
ခင်ဗျားဒီမှာနေမယ်ဆိုရင်
အင်တာနက်မသုံးတတ်တာ အရေးမကြီးတဲ့ကိစ္စဖြစ်သလို
အထက်ပါကိစ္စတွေအားလုံးကိုလည်း အင်တာနက်မသုံးတတ်ဘဲ
ကျူးလွန်ချင်ရင်ကျူးလွန်နိုင်မှာပဲဖြစ်ပါတယ် ။


၆ - မေ - ၂၀၁၀
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း 
[ အမှတ် (၁၀၇) ၊ အောက်တိုဘာ ၂၀၁၁ ခုနှစ် ]

Wednesday, February 10, 2010

ပျက်စီးပျောက်ဆုံးသီချင်း


ပျက်စီးပျောက်ဆုံးသီချင်း


မင်းမရှိတော့ဘူးဆိုတာနဲ့
ငါကိုယ်တိုင်လည်း လိုက်ပါပျောက်ဆုံးသွားမှာ . . . . .
. . . . . . . . . . ပျောက် . . . . ဆုံး . . . . . .
. . . . . . . . . . . . . . . သွား . . . . . . . .
. . . . . . . . . . . . . . . . . . . မှာ . . . . .
ကံကြမ္မာကို ဘုရားသခင်ကအစ မကယ်တင်နိုင်တဲ့အခါ
ဆုံးဖြတ်ချက်ကို ဘုရားသခင်က ပြင်မပေးနိုင်တဲ့အခါ
ငါတို့နှစ်ယောက် ဝေးသထက်ဝေးသွားကြ
မင်းဝမ်းနည်းမှုကို ငါကဆွံ့အခြင်းနဲ့ ဖေးမနိုင်ရုံ
မင်းမျက်ရည်ကို ငါ့ဝမ်းနည်းမှုနဲ့ စာနာပေးနိုင်ရုံ
အဲဒီလိုနဲ့ပဲ . . . . . . မပြောဖြစ်တော့မယ်စကားတွေ
ငါ့အနား အဲဒီစကားတွေ ငလျှင်လှုပ်သလို ယိမ်းထိုးကြ
ငါ့ကို လှောင်ပြောင်အော်ဟစ်ကြ . . . . ငါ့ကို ဝိုင်းဝန်းကိုက်ခဲကြ
ဘယ်သူနဲ့မှလည်းမပြိုင်ဘဲ ငါဟာ ရှုံးနိမ့်သူတစ်ယောက်ဖြစ်ခဲ့ပြီ
မင်းထွက်ခွာတဲ့အခါ ငါက
ရင်ကွဲပက်လက်ကျန်ခဲ့တဲ့ လေယာဉ်ကွင်းကြီးဖြစ်တယ်
မင်းထွက်ခွာတဲ့အခါ ငါက
ရေတိမ်နစ်နေတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တယ်
မင်းထွက်ခွာတဲ့အခါ ငါက
တိတ်ဆိတ်အထီးကျန်တဲ့ ဘူတာရုံကြီးဖြစ်တယ်
မင်းထွက်ခွာတဲ့အခါ . . . ငါ့စိတ်ဟာ ငါ့ကိုယ်ထဲက ထွက်ခွာသွားမှာ
မင်းမရှိတော့ဘူးဆိုတာနဲ့ . . . ငါကိုယ်တိုင်
ပျောက်ဆုံးသွားရမှာ . . . . သေဆုံးသွားရမှာ . . .
မင်းမရှိတော့တဲ့အခါ
ငါလည်း တမြေ့မြေ့ ပျက်စီးပျောက်ဆုံးသွားတော့မှာ . . . . . 

ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း 
[ အမှတ် (၉၂) ၊ ဇူလိုင်လ ၂၀၁၀ ခုနှစ် ]

Wednesday, November 04, 2009

ကဗျာဆရာ မပြောဖြစ်လိုက်တဲ့ပုံပြင်



[၁]
ဧပရယ်လ်မှာ
“လွမ်းတယ်” ဆိုတာ
ကိုယ့်စိတ်ကြိုးတန်းပေါ် သူပစ်တင်လှန်းခဲ့တဲ့
အ၀တ်ကလေးတစ်ထည်ဖြစ်လာခဲ့တယ်

[၁း ၁]
တစ်ခါတုန်းကပါ
§         ကံကောင်းချင်တော့ သူငယ်ချင်းတွေနဲ့
§         ကံဆိုးချင်တော့ သူငယ်ချင်းတွေနဲ့
ငပလီလိုက်မသွားဖြစ်ဘူး
§         သို့သော် ဆားငန်ရေက ငန်ဖြစ်အောင်ငန်ခဲ့
တစ်ခါတုန်းကပါ
§         “အချစ်” ဆိုတာ
ကဝေမက လှလှပပလေး ကိုယ်ထင်ပြတာ
§         ဒါကိုမှ ကိုယ်နဲ့မကွာသိမ်း
အသက်ရှည်ဆေးလိုလိမ်းခဲ့ရ
တစ်ခါတုန်းကပါ
§         ညနေကြိုညနေကြား
ညနေသလားဖူးတဲ့လူငယ်
ညနေတကာမှာ . . . .
တစ်ခါတုန်းကပါ
            တစ်ခါတုန်းကပါ
                        တစ်ခါတုန်းကပါ . . . . . .



[၂]
ပြီးခဲ့သောနေ့ရက်တိုင်း
ပြီးခဲ့သော . . . . .
သံဆူးကြိုးတွေလိုနေ့ရက်တိုင်း
ငါ့အပေါ် ရိုင်းကြပါစေ . . . . .

[၂း ၁]
§         လှည်းတန်း မှ မြေနီကုန်း
ညဆယ်နာရီယွန်းယွန်း
တစ်ရာကျပ်တိတိ
မြေနီကုန်းမီးပွိုင့် . . . ညစဉ်ညတိုင်း
§         ဖုန်းခေါ်ဆိုမှု
စမ်းချောင်း - ရန်ကင်း
§         ဖန်ကြိုးမျှင်ဆက်သွယ်ရေး
…….@gmail.com is typing
. . . . . . . . . . Net Diary . . . is connected to . . . . .
Dial-Up . . . .
Hi
း))

§         ကွန်ပျူတာနှစ်လုံး ၊ အချိန်မတော်လိုင်းကား ၊
စမ်းချောင်းမြို့နယ် မင်းလမ်းတွင် . . . . . .  ၊
. . . . . . အရာရာတည်ရှိ . . . . ညဥ့်နက်သန်းခေါင်ရင်ခုန်နှုန်းများ
[၂း ၂]
§         “တစ်ယောက်တည်းခြောက်ခြောက်ခြားခြားမို့ ဖုန်းခေါ်ပါ” မှအစပြု၍
နှစ်ယောက်စာ အစပြု ၊ ကြည်နူး ၊ ကြေကွဲ ၊ ကျန်ရစ်များသို့ . . . . .
အဆုံးသတ်ခေါ်ဆို
§         ၀၁၅ . . . . . Redial . . . . . . ၀၁၅
§         ငှက်ကလေးတစ်ကောင်လိုအသံမျိုး
§         ၁၀ နာရီ . . . ၁၁ နာရီ . . . ၁၂ နာရီ . . အစ . . . ည
၅ နာရီ . . . . အရုဏ်ဦး
§         အိပ်ချိန်စားချိန် လွှဲပြောင်းခြင်းရောဂါ
§         သင်္ကန်းကျွန်းမှ ၊ လှည်းတန်းမှ ၊ စမ်းချောင်းမှ . . . . စမ်းချောင်းသို့
“အသံကြားရုံနှင့်ချစ်မိသော”  ကိုယ်တွင်း၌ အင်းဆက်ပိုးမွှားအချို့ပေါက်ရောက်
[၂း ၃]
§         ရန်ကင်း ဆယ့်နှစ်လုံးတန်းမှတ်တိုင်တွင် ညနေငါးနာရီ
§         လမ်းဘေးအသားကင်ဆိုင်လေး . . . . မှုန်မှိုင်း
§         လော်လီပေါ့ပ်လိမ္မော်ရောင်
§         မကြာခဏ . . . . ရန်ကင်းညနေများ
§         မြကျွန်းသာကန်ဘောင်
§         ခြေထောက်နဲ့လျှောက်ရင်း နှလုံးသားနဲ့လျှောက်
§         “ဖွဖွငြင်သာလှဲပါ ၊ အေးချမ်းမွှေးမြပါ ၊ ယပ်ခပ်ပေးချင်တယ်
မငြင်းလိုက်ပါနဲ့ . . . မငြင်းလိုက်ပါနဲ့
ဒီအချိန်လေးပဲ ဂရုစိုက်ရတာ”
§         ဆုပ်ကိုင်ထားတဲ့လက်ဖမိုးနှစ်ခုကြားမှာ
“ချစ်သူ” အဖြစ်ဟာတည်ရှိ
[၂း ၄]
§         လေးဆယ့်ကိုးလမ်း - ရန်ကင်း
ရန်ကင်း - လေးဆယ့်ကိုးလမ်း
၁၀၈ ဒိုင်နာ
§         ကိုယ်ရေးကိုယ်တာအားလပ်ချိန်သည်
ကိုယ့်နှလုံးသားရေးရာ မအားလပ်ချိန်ဖြစ်
§         ဆယ့်ငါးမိနစ်တိုင်း ဆယ့်ငါးမိနစ်တိုင်းတွင်
ရင်ခုန်သံမြန်ဖူးသော ရူးမိုက်မှုမျိုး
§         လှည်းတန်းမှမြေနီကုန်း . . . ညဆယ်နာရီ . . .
အခါမလပ်ဆက်သွယ် . . . . ညဖြစ်လိုက် . . . မနက်ဖြစ်လိုက် . . .
§         ပြင်းထန်စူးရှတဲ့ သဘာဝလေဘေးဒုက္ခ
ဧရာဝတီတိုင်း . . . ထို့နောက် ရန်ကင်းနှင့်မြောက်ဒဂုံ
§         ဖုန်းလိုင်းများပြတ်တောက် . . .
§         ဖန်ကြိုးမျှင်ဆက်သွယ်ရေး ပျက်ဆီး . . . ပျက်ဆီး . . . ပျက်ဆီး . . .
Hi
Hi
Hi
Hi
း((
…….@gmail.com is offline and can't receive messages right now.
…….@gmail.com is offline and can't receive messages right now.
…….@gmail.com is offline and can't receive messages right now.
§         ရန်ကင်းလမ်းဆုံမီးပွိုင့်လို . . . . စိတ်သွားတိုင်း ကိုယ်ထက်ပိုင်းကျိုးကျ
[၂း ၅]
§         “ဟယ်လို . . . . .”
§         “ကို . . . . . . . . . . .”
အဲဒီအသံကို တစ်သက်လုံးမမေ့တော့ဘူး
§         မုန်တိုင်းကိုမေ့သွား . . .
ရက်သုံးဆယ်ကြာလွမ်းဆွတ်မှုကိုမေ့သွား
§         ရန်ကင်းသည်အရင်အတိုင်း
ကိုယ်တို့နှစ်ယောက် . . . အရင်အတိုင်း
Hi
း))


[၃]
လူ့ပြည်က အသက်တစ်စင်းနဲ့
လူ့ပြည်က ဓါးအဝှေ့
ငရဲမှာ . . . . တွေ့သလို . . . ဇွန်လ

            [၃း ၁]
§         လောကနိယာမအတိုင်း အပြောင်းအလဲဇာတ်ညွှန်း
§         ပုံမှန်မဟုတ်တော့သော မိုးရေစက်တွေ
§         “အဆင်မပြေခြင်းများ ” ကဗျာ
မင်းကအတ္တကြီးတယ်ဆိုရင်တောင် ငါက
အဲဒီအတ္တကိုကောင်းမွန်စွာသယ်ဆောင်နိုင်သူမဟုတ်ဘူး
ငါကမင်းကိုပျောက်ဆုံးနေသလို
မင်းလည်းငါ့ကို ဖျောက်ဖျက်ပစ်နေခဲ့တာမဟုတ်လား။
§         မလိုချင်ခဲ့တဲ့ ဇွန်လမိုးခေါင်ရေရှားနေ့တစ်နေ့ဟာ
ကိုယ့်ဒိုင်ယာရီထဲ . . . ကိုယ့်ရင်ဘတ်ထဲ အတိအကျရောက်လာ
            [၃း ၂]
§         မင်္ဂလာရုပ်ရှင်ရုံမှ ဇာတ်ကားတစ်ကား
နေ့လည် ၁၂ နာရီခွဲပွဲ
ပြသချိန် ၁၅၀ မိနစ်
§         “လေးနာရီအရောက်အိမ်ပြန်ရမှာ. . . .”  ဇာတ်ဝင်ခန်း
§         အငှားကားတစ်စီးထဲမှာ အဝေးကြီးဝေးသွား . . . မျက်ဝန်းတွေ
§         မွန်းလွဲသုံးနာရီခွဲ ၊ ရန်ကင်းမှလက်ဖက်ရည်ဆိုင်အိုလေးထဲ
နဂါးမျက်စောင်းကို နေပူပူထဲထိုင်စောင့်
“ပြန်လာပါ . . . ပြန်လာပါ . . . ပြန်လာပါ” ဂါထာခေါ်ရင်း
§         တစ်မိနစ်ချင်း တစ်မိနစ်ချင်း ကြေကွဲခြင်းကို ခေါ်လာ
§         အိုဇုန်းလွှာဟာ နူကလီးယားဗုံးလို ပေါက်ကွဲနေသလားကွယ်
§         ပူလောင်၍ . . . ပူလောင်၍ . . . ပူ . . . လောင် . . . ၍
[၃း ၃]
§         အများသုံးဖုန်းတစ်လုံးဘေး
§         “. . . . . . ကိုခေါ်ပေးပါ”
အသံကိုမမြင်နိုင်ဘူးလို့မပြောနဲ့
အစိမ်းရောင်အသံကို နားနဲ့ဆတ်ဆတ်မြင်ရ
§         “ပျော်မယ်ထင်လို့ချစ်ခဲ့တာ . . . . .”
“ပျော် မယ် ထင် လို့ ချစ် ခဲ့ တာ . . . . .”
“ပျော်မယ် . . . . ထင် . . . . လို့ . . . .”
တစ်သက်လုံးမမေ့တော့ဘူး
ထို့နောက် . . . ဖုန်းခေါ်ဆိုမှုပြတ်တောက် . . .
            [၃း ၄]
§         နေကြတ်လကြတ် . . . အဆက်မပြတ်သော
အင်္ဂါချို့ယွင်းသည့်ရက်သတ္တပါတ်
§         နံနက်ခြောက်နာရီ . . . အရာရာရပ်တန့်
နာရီလက်တံများ ၊ အသက်ရှူသံများ ၊
မျက်လုံးများ . . . ဖန်သားပြင်တစ်ခုပေါ်မှာရပ်တန့်
§         ဖန်ကြိုးမျှင် . .  တစ်ဖက်သတ်ဆက်သွယ်ရေး
Inbox (1)
1 unread mail
§          . . . . . . ဆုံးဖြတ်လိုက်တယ် . . . .
ချစ်သူတွေအဖြစ်က . . . ရပ် . . တန့် . . . . ကြဖို့
. . . . . . အကောင်းဆုံးဖြစ်မယ်ထင်ပါတယ် . . . .
. . . . နှစ်လအတွင်း . . .  . . . . . . . . . . . . . . .
. . . . . . . . အရာ . . . အားလုံးအတွက် . . . . . .
ကျေးဇူး . . . . တင် . . ပါ . . . တယ် . . . . . . . .
§         ဟင့်အင်း . . မဟုတ်ဘူး . . . မဟုတ်ရဘူး
§         Refresh !! Refresh !!
§         1 unread mail
1 unread mail
            [၃း ၅]
§         ရင်ထဲ . . . . ဟင်းလင်းပြင်တစ်ခု
ဒါပေမယ့် ရင်ထဲပြည့်ခဲ့
§         လွန်ခဲ့တဲ့ ဧပရယ်လ်မှာကျန်ခဲ့တဲ့ ဧပရယ်လ်နတ်သမီးကို
. . . . . တွေးမိတယ် . . .
§         နှစ်ဆန်းတစ်ရက်နေ့ဖွား နာမည်လေးလုံးနှင့်မိန်းမပျို
§         ဆယ့်သုံးချပ်ဖဲကစားနည်းတစ်မျိုး
§         ပန်းချစ်သူသီချင်း . . . ဆိုပြဖို့ . . .
§         စခရေဘယ်လ်အတူကစားဖို့
§         ဂစ်တာတီးမသင်ပေးလိုက်ရ
§         စစ်တုရင်ကစားနည်းမသင်ပေးလိုက်ရ
§         နှစ်လဟာ ဘာမှမကြာလိုက်သလိုပဲကွယ်
§         မျက်ရည်ကျမိ ၊ ငိုမိတယ်
အလောင်းအစားတစ်ခုခုကြေး . . . ဝေးကြည့်ကြတာဖြစ်မယ်
လူငယ်တွေဆော့နေကျ ကစားနည်းတစ်ခုခုပဲဖြစ်မယ်
အဲဒီလိုပဲဖြစ်မှာပါ . . . . အဲဒီအတိုင်းပဲဖြစ်မှာပါ


[၄]
ကဗျာဆရာက . . . အတန်ကြာ
ငြိမ်သက်ခဲ့အပြီးမှာ . . . .
ပုံပြင်လေးတစ်ပုဒ်ပြောဖို့ ပြင်ဆင်ပါတယ်
ပုံပြင်တစ်ပုဒ်ပြောဖို့စတင်တယ်
ကျိန်စာမပြေသေးတော့ . . . .
လေတွေ ရူးရူးဟူးဟူးတိုက်ခတ်လာတယ်
. . . . . ပုံပြင်လေး . . . မပြောလိုက်ရဘူး


[၅]
ကဗျာဆရာမပြောဖြစ်လိုက်တဲ့ပုံပြင်ထဲကို . . .
အောက်ပါအတိုင်း . . . ဟာ . . . ကျရောက်လာခဲ့တယ်

ကိုယ်.သူမ
ကိုယ် (သူမ)
ကိုယ် . . . သူမ
ကိုယ် . . . . . သူမ
ကိုယ် . . . . . . . . . သူမ
ကိုယ် . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . သူမ
. . . . . . . . . . . . . . . . . . . . . .  သူမ
ကိုယ် . . . . . . . . . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . . . . . . . . . သူမ
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . သူမ
ကိုယ် . . . . . . . . . . . . . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . . . . . . . .  သူမ
ကိုယ် . . . . . . . . . . . . . .
ကိုယ် . . . . . . . . . . .
ကိုယ် . . . . .
. . . . ကိုယ်
. . .


ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း 
[ အမှတ် (၁၀၆) ၊ စက်တင်ဘာ ၂၀၁၁ ခုနှစ် ]