နှုတ်ဆက်စကားတွေကိုချည်း
ရွေး ရွေးပြီးမပြောပါနဲ့ ညီမလေးရယ်
ရနံ့မရှိတဲ့ပန်းက မျက်နှာငယ်လွန်းလှ
ခဏခဏ ငိုင်မနေပါရစေနဲ့။
ခုဆို ငါ့ရယ်သံတွေကို
ငါပြန်ရှာလို့မရ
ငါ့တက်ကြွမှုကို ငါပြန်ရှာလို့မရ
ပတ်ဝန်းကျင်မှာ ငါတစ်ယောက်တည်းပျောက်ရှ
ငါနဲ့.. ငါကပဲ အဝေးဆုံးဖြစ်နေခဲ့တယ်။
ညသန်းခေါင်ထဲက
ရူးကြောင်ကြောင်အတွေးအောက်မှာ
တစ်ယောက်တည်း ဆွံ့အ
အိပ်မက်ထဲမှာတောင်
ညီမလေးအပြုံးကိုမြင်ရမယ်မထင်ဘူး။
လက်ရှိညီမလေးကမ္ဘာကို
ခဲခဲယဉ်းယဉ်း
ငါတကယ့်ကို ခဲခဲယဉ်းယဉ်း ရှာခဲ့ရတာပါ
မီးလျှံပေါင်းတစ်သိန်း
အဲဒီမျက်လုံးစိမ်းတွေနဲ့လည်း
မကြည့်ပါနဲ့ ညီမလေးရယ်။
အဲဒီလို မကြည့်လိုက်ပါနဲ့
ညီမလေးရယ်။
ရနံ့မရှိတဲ့ပန်းက
မျက်နှာငယ်လွန်းလှ။
သူရဿဝါ
၂၉ - ဇန်နဝါရီ - ၂၀၀၉
Image source; Images.google.com
ကဗျာလေးက အရမ်းကောင်း :)
ReplyDelete