စိတ်ကူးတွေကို
စက္ကူတစ်စလို
ဖြဲဆုတ်ပစ်လိုက်တော့ကွယ်။
အိပ်မက်ဆိုကတည်းက
နိုးထချိန်မရောက်ခင်ပဲ
ပိုင်ဆိုင်ခွင့်ရှိတဲ့
စိတ္တဇနာမ်မှန်း
သိနေပြီးသားပဲ။
ပြာမှုန်လိုဖြစ်တည်မှုမျိုးဟာလည်း
လေတစ်ချက်ဝင့်ရင် လွင့်.. လွင့်သွားတဲ့အရာ
ရင်မှာဆူးတွေထည့်ရင် စူးတယ်။
ကြင်နာမှုတွေထည့်ရင် ရူးတယ်။
ငါ့အကြည့်တွေကို မင်းသိလည်း
မင်းအသိတွေကို ငါကမကြည့်တတ်ခဲ့ဘူး။
ငါမတတ်နိုင်တာတွေအတွက်
တိတ်တိတ်လေးပဲ ခေါင်းငုံ့နေပါရေစ။
အချစ်ရဲ့ရှေ့မှောက်မှာဆို
“သက်ရောက်မှုတိုင်း၏ တန်ပြန်သက်ရောက်မှု” သီအိုရီဟာလည်း
ခေါင်းငုံ့နေရှာပေလိမ့်မယ်။
နောက်ဆုံးအနေနဲ့
ငါ့ကိုတစ်ချက်ကလေး ကြည့်ပါ။
ငါ့ကိုတစ်ခါလေး ပြုံးပြပါ။
ပြီးရင်
ငါနဲ့ဝေးရာကိုသွားတော့..
ငါနဲ့ ခပ်ဝေးဝေးမှာနေပါတော့ကွယ်။
သူရဿဝါ
၀၈ - ဧပရယ်လ် - ၂၀၀၈
Image source; Images.google.com
ကဗျာထဲဝင်ခံစားကြည့်တော့
ReplyDeleteHeart ကိုတော်တော်ထိတယ်။
ဒါပေမယ့် . . .
အရှုံးမပေးပါနဲ့၊ အားပေးနေပါတယ်။