မကြာခင် ပန်းတွေလည်း ပြန်ပွင့်လာပါလိမ့်မယ်။
အရင်လောက်
မွှေးမြချိုရီမှုမရှိရင်တောင်
ရနံ့ပျောက်တဲ့ပန်းတော့
ဖြစ်မသွားနိုင်ဘူး။
ပြုံးရမယ့်နှုတ်ခမ်းမှာ
အနာမကျက်သေးတာကိုလည်း သိပါတယ်။
ဒါပေမဲ့ နာနာကျင်ကျင်နဲ့ပဲ ပြုံးကြည့်
အလွမ်းဟာလည်း
ချစ်တာလောက်နီးနီး အရသာရှိကြောင်း
မင်းသိတတ်လာမယ်။
ဒီဖက်ခေတ်ရဲ့ အသည်းကွဲနည်းမှာ
တယောထိုးတာ မပါဘူး။
မူးယစ်ရီဝေ ဖန်ခွက်တွေမပါဘူး။
ထုံထိုင်းလေးလံစိတ်တွေ မပါဘူး။
ဟိုးရှေ့လှမ်းလှမ်းက အနာဂတ်ကိုမျှော်ကြည့်
ရင်ဘတ်ထဲက ဒဏ်ရာသက်သာသလိုရှိတယ်။
ဂျူးလိယက်မဟုတ်သော မိန်းကလေးအတွက်
မင်း ရိုမီယိုမဖြစ်ချင်စမ်းနဲ့။
မင်းရဲ့အလင်းကို မင်းကိုယ်တိုင်ပြန်မသတ်နဲ့။
ခုလတ်တလော
သေကောင်ပေါင်းလဲဒဏ်ရာဆိုတာ
နောင်တချိန် မင်းကိုယ်တိုင် ဟားတိုက်ရယ်မောပစ်ရမယ့်
ခပ်ညံ့ညံ့ဟာသပြက်လုံးတွေ
ပြန်လမ်းမရှိတဲ့ အသွားကို
ငါတော့ ခုထိမတွေ့ဖူးသေးတာအမှန်။
သူရဿဝါ
၀၁ - မေ - ၂၀၀၈
Image source; Images.google.com
အရမ်းကြိုက်တယ်....ဒီကဗျာကို...
ReplyDelete