“ဒီနေ့ကြည့်လိုက်တဲ့မနက်ဖြန်များ”
ဒဏ်ရာ၊ ပြန်မလာစေနဲ့တော့
အခု ငါတို့တွဲထားတဲ့လက်တွေအတိုင်း
ရှေ့ဆက် . . . ရှေ့ဆက်
နေဝန်းနီနီ နံနက်တွေဆီ
“ငါ့ကို အဲဒီနေ့ကနေ ဒီနေ့အထိ
ပြီး . . . နောင်နှစ်ပေါင်းများစွာအထိ
နင်နဲ့အတူခေါ်သွားပါ”
ငါတို့ ဘဝရဲ့ခါးသီးမှုတွေကို ရယ်မောပစ်လိုက်ကြမယ်
တိမ်တွေ၊ သက်တန့်တွေအပေါ် ကိုယ့်ကိုယ်ကို ပစ်တင်လိုက်ကြမယ်
တခါတလေ . . လှိုင်းကြမ်းလေကြမ်း
တစ်ယောက်ကိုတစ်ယောက် လွမ်းကြမယ်
မိုးတွေရွာတဲ့အခါ ထီးတစ်လက်ကိုနှစ်ယောက်ဆောင်းကြမယ်
အဆိုးတွေလာတဲ့အခါ ငါ့ကိုနင်က . . . နင့်ကိုငါက
ထီးလိုမိုးပေးကြမယ်
အချစ်ဆိုတာ ဒါပါပဲ ကလေးရယ်
ဖိနပ်တစ်ရံတည်းကို နှစ်ယောက်အတူစီးနင်းသွားဖို့ ပြင်ဆင်မိတယ်
ရောက်လာတော့မယ့် နေဝန်းနီနီ နံနက်ခင်းများဆီ . . .
သူရဿဝါ
ဇွန်လ ၂၉ ရက် ၊ ၂၀၁၀ ခုနှစ်
အချစ်ဆိုတာ ဒါပါပဲလား ရွှေဝါရယ်..
ReplyDeleteဟုတ်လို့လား.. :P