Wednesday, March 24, 2010

သုညကြားခံနယ်


သုညကြားခံနယ်
- သူရဿဝါ -

ဘာပြောလိုက်ရမလဲဆိုတာကိုသိတယ်
ဖမ်းလို့မမိဘူး .. … အဲဒီ စကားလုံးတွေ
လွတ်ထွက်သွားမှာ .. … လွတ်ထွက်သွားတာ
သေ ချာ တယ်
နင့်အသွေးအသားထဲမှာ ငါနေလို့မရတော့ဘူး
နင့်အငွေ့အသက်ကို ဖွာရှိုက်ခဲ့ပြီးနောက်
နင့်စိတ္တဇတွေကို ငါ .. .. ကြောက်တယ်
မချစ်တော့ဘူးဆိုတာထက် ဆင်ခြေမပေးရက်
နင့်အတွက် ခက်မယ်ဆိုတာကိုလည်းသိတယ်
အမြဲစီးဆင်းနေမယ့်ရေတံခွန်ကို နင်ရှာမတွေ့ခဲ့တာ
နေရပ်လိပ်စာမှားရောက်လာတာ .. … .. … နင် မှားတယ်ဆိုတာထက်
ငါမှားတယ် ငါမှန်တယ် ငါဇဝေဇဝါဖြစ်ရတယ်
အဲဒါတွေထက် .. ….
နင့်ဖြူစင်မှုအောက်မှာ ငါလိပ်ပြာမလုံနိုင်တာ
ငါ့ကိုဆယ်ဖို့ကြိုးစားရင်း တံတွေးခွက်ထဲ နင်ပက်လက်မျောခဲ့ရတာ
ငါ့ကိုအရိပ်တကြည့်ကြည့်နေရင်း နင်ညှိုးငယ်နေရတာ
ငါ့ပျော်ရွှင်မှုကို နင့်မျက်ရည်တွေနဲ့ လဲထားခဲ့ရတာ
နင်တစ်ယောက်တည်းအပေါ်ကိုမှ မိုးလေဝသညံ့ဖျင်းတာ .. …
.. …. .. … … ….. .. ….. ငါ .. … သိပ်ကို မိုက်ကန်းခဲ့
ငါသိပ်ကို မိုက်ရိုင်းခဲ့ .. … ငါသိပ်ကို ကြောင်ကန်းခဲ့ .. … .. ငါ .. …
သိပ် .. … ကို .. …
.. …. … ….. … ….. ရက်ရက်စက်စက် နင့်ကိုလွှတ်ချပစ်လိုက်ဖို့
ငါတစ်ထစ်ပြီး တစ်ထစ် နင်းတက်လာတာ
သိတယ် ၊ မသိချင်ယောင်ဆောင်တယ်
နင့်ကို အနားမှာထားပြီး
“ကမ္ဘာဟာ အဆုံးအစမရှိကျယ်ပြန့်တယ်”လို့ ပုံပြင်တွေပြောတယ်
ငါက နူးနူးညံ့ညံ့ကဗျာတွေရေးရင်း
မေတ္တာတရားကို အတင်းကြိုးကွင်းစွပ်နေတဲ့ကောင်
အဲဒီလိုကောင်ရဲ့ အကြည့်ရိုင်းတွေအောက်မှာ
နင်မှန်တာတောင် မှားချင်ယောင်ဆောင်ရင်း
.. … … …. … … ငါ ဘာပြောမလဲဆိုတာကိုလည်း သိတယ်
လွတ်ထွက်သွားတော့မှာကိုလည်း သိတယ် .. … …
သေချာတယ် .. … နင်ရော ငါရော .. … အခု .. ..
တစ်ခုခုကို .. … ..
လက်လွတ်စပယ် လိုက် ဖမ်း နေ ကြ တယ် ။ ။

၂၄ - မာ့ခ်ျ - ၂၀၁၀
ပေဖူးလွှာမဂ္ဂဇင်း [ အမှတ် (၁၅) ၊ နိုဝင်ဘာလ ၊ ၂၀၁၂၀ ခုနှစ် ]

5 comments:

  1. ဒါဆိုရင် လွတ်ထွက်သွားတော့မှာ သေချာနေပြီပေါ့
    အဆုံးသတ်ချိန် ရောက်ပြီပေါ့လေ . . .

    ReplyDelete
  2. ငါဇဝေဇဝါဖြစ်ရတယ်

    အဲဒါတွေထက် .. ….

    နင့်ဖြူစင်မှုအောက်မှာ ငါလိပ်ပြာမလုံနိုင်တာ

    ငါ့ကိုဆယ်ဖို့ကြိုးစားရင်း တံတွေးခွက်ထဲ နင်ပက်လက်မျောခဲ့ရတာ

    ငါ့ကိုအရိပ်တကြည့်ကြည့်နေရင်း နင်ညှိုးငယ်နေရတာ

    ငါ့ပျော်ရွှင်မှုကို နင့်မျက်ရည်တွေနဲ့ လဲထားခဲ့ရတာ

    နင်တစ်ယောက်တည်းအပေါ်ကိုမှ မိုးလေဝသညံ့ဖျင်းတာ .. …

    .. …. .. … … ….. .. ….. ငါ .. … သိပ်ကို မိုက်ကန်းခဲ့

    ငါသိပ်ကို မိုက်ရိုင်းခဲ့ .. … ငါသိပ်ကို ကြောင်ကန်းခဲ့ .. … .. ငါ .. …

    သိပ် .. … ကို .. …

    .. …. … ….. … ….. ရက်ရက်စက်စက် နင့်ကိုလွှတ်ချပစ်လိုက်ဖို့

    ငါတစ်ထစ်ပြီး တစ်ထစ် နင်းတက်လာတာ

    သိတယ် ၊ မသိချင်ယောင်ဆောင်တယ်<--- ခံစားရတယ်...နင့်နင့်နဲနဲ ကိုခံစားလိုက်ရတယ်...

    ReplyDelete
  3. ခံစားချက် တစ် ချို့နေလို့ သိပ်ဖတ်လို့နားမလည်လိုက်ဘူး ..

    တကယ်ခံစားရပါတယ် ။

    ReplyDelete
  4. အမြဲစီးဆင်းနေမယ့်ရေတံခွန်ကို နင်ရှာမတွေ့ခဲ့တာ

    နေရပ်လိပ်စာမှားရောက်လာတာ .. … .. … နင် မှားတယ်ဆိုတာထက်

    ငါမှားတယ် ငါမှန်တယ် ငါဇဝေဇဝါဖြစ်ရတယ်

    ReplyDelete