တိတ်ဆိတ်တဲ့နိမိတ်ကို လက်ယပ်ခေါ်လို့မရဘူး
အကွာအဝေးက အနားမှာလာပွင့်တယ်
အစိမ်းရောင် အယောင်ဆောင်ထားတဲ့ ဖိတ်စာတစ်စောင်
မဖိတ်ဘဲနဲ့ ရောက်လာတယ်
ဖွင့်ချည် ပိတ်ချည် မျက်လုံးတစ်စုံရှိတယ်
ညအပျက်ထဲမှာ စကားမပြောတတ်တဲ့နယ်ရုပ် ထိုင်နေတယ်
ညဉ့်ဟာ ငါ့ရင်ထဲဝင်ပြီးမှ နက်တယ်
ကိုယ်သင်းနံ့လေးဆီ အရောက်နောက်ကျခဲ့သလိုမျိုး
ခြေလှမ်တွေ ချည့်နဲ့ခဲ့သလိုမျိုး
ကောင်းကင်ဟာ ငါ့အကြည့်ကြောင့် ဆွေးသွားတယ်။
သူရဿဝါ
၀၉ - မာ့ချ် - ၂၀၀၉
No comments:
Post a Comment