Sunday, February 22, 2009

ပြန်မလာတော့တဲ့ ဧည့်သည်များ



 

ဒါ အိပ်မက်တစ်ခုပါပဲ။
မိုးသောက်နေရောင်နဲ့အတူ
ခပ်ဝေးဝေးရောက်သွားရမယ့်အရာ။

“ကိုယ့်ရင်ခွင်ကလွဲပြီး ဘယ်ကိုမှ”
အဲဒါကလည်း

ခပ်မြန်မြန်လွင့်နေတဲ့ တိမ်တွေလိုပါပဲကွယ်။

နောက်ထပ် နောက်ထပ်သော
ဇာတ်ကြောင်းအသစ်များ

ငါ့အပေါ် ဆိုးဆိုးရွားရွားအမှောင်ချ။

တကယ်တော့
ငါ့ရှေ့မှာမြင်နေခဲ့တာ

အိပ်မက်တွေချည်းပါပဲ။

အရင်းနှီးဆုံး ဧည့်သည်တွေပဲလေ
ငါ့ကို ပြန်မလာစတမ်း နှုတ်ဆက်သွားခဲ့တာ။

သူရဿဝါ
၂၂ - ဖေဖော်ဝါရီ - ၂၀၀၉

Image credit: Gettyimages.com

No comments:

Post a Comment