သုညကြားခံနယ်
- သူရဿဝါ -
ဘာပြောလိုက်ရမလဲဆိုတာကိုသိတယ်
ဖမ်းလို့မမိဘူး
.. … အဲဒီ စကားလုံးတွေ
လွတ်ထွက်သွားမှာ
.. … လွတ်ထွက်သွားတာ
သေ
ချာ တယ်
နင့်အသွေးအသားထဲမှာ
ငါနေလို့မရတော့ဘူး
နင့်အငွေ့အသက်ကို
ဖွာရှိုက်ခဲ့ပြီးနောက်
နင့်စိတ္တဇတွေကို
ငါ .. .. ကြောက်တယ်
မချစ်တော့ဘူးဆိုတာထက်
ဆင်ခြေမပေးရက်
နင့်အတွက်
ခက်မယ်ဆိုတာကိုလည်းသိတယ်
အမြဲစီးဆင်းနေမယ့်ရေတံခွန်ကို
နင်ရှာမတွေ့ခဲ့တာ
နေရပ်လိပ်စာမှားရောက်လာတာ
.. … .. … နင် မှားတယ်ဆိုတာထက်
ငါမှားတယ်
ငါမှန်တယ် ငါဇဝေဇဝါဖြစ်ရတယ်
အဲဒါတွေထက်
.. ….
နင့်ဖြူစင်မှုအောက်မှာ ငါလိပ်ပြာမလုံနိုင်တာ
ငါ့ကိုဆယ်ဖို့ကြိုးစားရင်း
တံတွေးခွက်ထဲ နင်ပက်လက်မျောခဲ့ရတာ
ငါ့ကိုအရိပ်တကြည့်ကြည့်နေရင်း
နင်ညှိုးငယ်နေရတာ
ငါ့ပျော်ရွှင်မှုကို
နင့်မျက်ရည်တွေနဲ့ လဲထားခဲ့ရတာ
နင်တစ်ယောက်တည်းအပေါ်ကိုမှ
မိုးလေဝသညံ့ဖျင်းတာ .. …
..
…. .. … … ….. .. ….. ငါ .. … သိပ်ကို မိုက်ကန်းခဲ့
ငါသိပ်ကို
မိုက်ရိုင်းခဲ့ .. … ငါသိပ်ကို ကြောင်ကန်းခဲ့ .. … .. ငါ .. …
သိပ်
.. … ကို .. …
..
…. … ….. … ….. ရက်ရက်စက်စက် နင့်ကိုလွှတ်ချပစ်လိုက်ဖို့
ငါတစ်ထစ်ပြီး
တစ်ထစ် နင်းတက်လာတာ
သိတယ်
၊ မသိချင်ယောင်ဆောင်တယ်
နင့်ကို
အနားမှာထားပြီး
“ကမ္ဘာဟာ
အဆုံးအစမရှိကျယ်ပြန့်တယ်”လို့ ပုံပြင်တွေပြောတယ်
ငါက
နူးနူးညံ့ညံ့ကဗျာတွေရေးရင်း
မေတ္တာတရားကို
အတင်းကြိုးကွင်းစွပ်နေတဲ့ကောင်
အဲဒီလိုကောင်ရဲ့
အကြည့်ရိုင်းတွေအောက်မှာ
နင်မှန်တာတောင်
မှားချင်ယောင်ဆောင်ရင်း
..
… … …. … … ငါ ဘာပြောမလဲဆိုတာကိုလည်း သိတယ်
လွတ်ထွက်သွားတော့မှာကိုလည်း
သိတယ် .. … …
သေချာတယ်
.. … နင်ရော ငါရော .. … အခု .. ..
တစ်ခုခုကို
.. … ..
လက်လွတ်စပယ်
လိုက် ဖမ်း နေ ကြ တယ် ။ ။
၂၄ - မာ့ခ်ျ
- ၂၀၁၀
ပေဖူးလွှာမဂ္ဂဇင်း
[ အမှတ် (၁၅) ၊ နိုဝင်ဘာလ ၊ ၂၀၁၂၀ ခုနှစ် ]
ကဗျာလေးက ခံစားရတယ်။
ReplyDeleteဒါဆိုရင် လွတ်ထွက်သွားတော့မှာ သေချာနေပြီပေါ့
ReplyDeleteအဆုံးသတ်ချိန် ရောက်ပြီပေါ့လေ . . .
ငါဇဝေဇဝါဖြစ်ရတယ်
ReplyDeleteအဲဒါတွေထက် .. ….
နင့်ဖြူစင်မှုအောက်မှာ ငါလိပ်ပြာမလုံနိုင်တာ
ငါ့ကိုဆယ်ဖို့ကြိုးစားရင်း တံတွေးခွက်ထဲ နင်ပက်လက်မျောခဲ့ရတာ
ငါ့ကိုအရိပ်တကြည့်ကြည့်နေရင်း နင်ညှိုးငယ်နေရတာ
ငါ့ပျော်ရွှင်မှုကို နင့်မျက်ရည်တွေနဲ့ လဲထားခဲ့ရတာ
နင်တစ်ယောက်တည်းအပေါ်ကိုမှ မိုးလေဝသညံ့ဖျင်းတာ .. …
.. …. .. … … ….. .. ….. ငါ .. … သိပ်ကို မိုက်ကန်းခဲ့
ငါသိပ်ကို မိုက်ရိုင်းခဲ့ .. … ငါသိပ်ကို ကြောင်ကန်းခဲ့ .. … .. ငါ .. …
သိပ် .. … ကို .. …
.. …. … ….. … ….. ရက်ရက်စက်စက် နင့်ကိုလွှတ်ချပစ်လိုက်ဖို့
ငါတစ်ထစ်ပြီး တစ်ထစ် နင်းတက်လာတာ
သိတယ် ၊ မသိချင်ယောင်ဆောင်တယ်<--- ခံစားရတယ်...နင့်နင့်နဲနဲ ကိုခံစားလိုက်ရတယ်...
ခံစားချက် တစ် ချို့နေလို့ သိပ်ဖတ်လို့နားမလည်လိုက်ဘူး ..
ReplyDeleteတကယ်ခံစားရပါတယ် ။
အမြဲစီးဆင်းနေမယ့်ရေတံခွန်ကို နင်ရှာမတွေ့ခဲ့တာ
ReplyDeleteနေရပ်လိပ်စာမှားရောက်လာတာ .. … .. … နင် မှားတယ်ဆိုတာထက်
ငါမှားတယ် ငါမှန်တယ် ငါဇဝေဇဝါဖြစ်ရတယ်