ကျွန်တော်နဲ့ ဆရာတော်ဘုရား
ဟိုတလောက စုဘူးမှာ ပြဿနာတွေ အတော်များများ တက်သေးတယ်လေ။ သိတယ် မဟုတ်လား။ အဲဒီထဲမှာ KoQQ နဲ့ ဂျေဂျူဝိုင်တို့ ကိစ္စလည်း ထိပ်ဆုံးက ပါတာပေါ့။ ဖြစ်ပုံက ဂျေဂျူဝိုင် တင်လိုက်တဲ့ “ဗုဒ္ဓဘာသာတွေ ညံ့နေတုန်းပဲလား” ဆိုတဲ့ ပိုစ့်နဲ့ ပတ်သက်ပြီး နားလည်မှု လွဲကြတာပါ။ KoQQ က ဒါဟာ ဗုဒ္ဓဘာသာဝင်တွေကို စော်ကားတာပါဆိုပြီး ဂျေဂျူဝိုင်ကို Come On! Challenge လုပ်ရော။ အဲဒီမှာ ဂျေဂျူဝိုင်က သူဟာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်ကြောင်း၊ သူ တင်လိုက်တာကလည်း ဗုဒ္ဓဘာသာဝင်တွေကို နှိမ်ချချင်လို့ မဟုတ်ဘဲ အားမလို အားမရ ဖြစ်လို့သာ ရေးခြင်း ဖြစ်ကြောင်း ရှင်းပြတော့မှပဲ အားလုံး သဘောပေါက်ကြ၊ နားလည်မှုတွေ ရကြတော့တာ။ သတင်း သဲ့သဲ့လေး ကြားတာတော့ KoQQ အပါအဝင် စုဘူးထဲက ဂျေဂျူဝိုင်နဲ့ မတည့်ခဲ့တဲ့ သူတချို့ အဲဒီကျမှ ဘုန်းကြီးမှန်းသိပြီး သူ့ Profile မှာ “ခွင့်လွှတ်တော်မူပါ အရှင်ဘုရား” ဘာညာနဲ့ သွားရေးကြတယ် ဆိုပဲ။ အဲဒီမှာ တစ်ယောက်တည်း တိုင်ပတ်ပြီး ကျန်ခဲ့တာက KoQQ။ ကျွန်တော်နဲ့ စကား ပြောဖြစ်တော့ သူကပြောတယ်။
“ငါတော့မှားပြီဟ.. ကံကြီးထိုက်တော့မှာပဲ”
တဲ့။
“နေ့လယ် ကတည်းက ဘုရားမှာ တချိန်လုံး ဖင်ဘူးတောင်းလေး
ထောင်အောင် ရှိခိုး တောင်းပန်နေတာ”
တဲ့။ အဲဒီကျတော့ ကျွန်တော်လည်း သနားသွားတာရော၊
“ဆရာလုပ်ခွင့်ရပဟဲ့” ဆိုပြီး ပွားချင်တာက တကြောင်းရော ပေါင်းပြီး KoQQ ကို တရားချတော့တာပေါ့။
အစ်ကိုက စော်ကား မိသလို ဖြစ်ပေမယ့် မသိလို့ ဖြစ်တာမို့ အပြစ်မရှိပါဘူး။ စေတနာလည်း ပါနေတာမို့လို့
ကံကြီးမထိုက် နိုင်ပါဘူး ဘာညာပေါ့လေ။ ကျွန်တော်တောင် ဂျေဂျူဝိုင်ဆိုတဲ့ နာမည်ကို ကြည့်ပြီး
ကြိတ်ခိုက်၊ အဲလေ.. ကန်တော့ပါ ဘုရား၊ ခပ်လန်းလန်း ကောင်လေးလို့ ထင်နေမိသေးတာပဲ ဆိုပြီး
အားပေး လိုက်ပါသေးတယ်။ ပြီးတော့ စကားလည်းကြုံလို့ ဘာသာရေးအကြောင်း အမြင်လေးဖလှယ် ရအောင်လို့
ဖိတ်ခေါ်မိပါတယ်။ အဲဒီမှာတင် စတွေ့တော့တာဗျာ။ ကျွန်တော့်ကို ဘာသာရေးနဲ့ ပတ်သက်တဲ့ သူ့အမြင်တွေ
ပြောပြသွားတာများ ကျွန်တော့်မှာ ဖလှယ်ဖို့ မပြောနဲ့ KoQQ ပြောသမျှကို
“ဗျာ”
“ဟုတ်ကဲ့”
“သြော်”
“ဟုတ်လား”
“အင်း”
“အယ်.. သိဝူး.. အဟီး”
ဆိုတာလေးတွေပဲ ထိုင်ပြောပြီး ပါးစပ် အဟောင်းသား
ငေးနေရတော့တာပါပဲ။ အဲ... ဒါနဲ့တင် မပြီးသေးဘူး။ နောက်ရက်ကျတော့ ပုသိမ်သူ ပြဿနာ တက်တော့လည်း
KoQQ က တရားဟော ပြန်ပါတယ်။ “အဲဒါ အတိတ်က ကံတွေဟဲ့ ပုသိမ်သူရဲ့၊ ဘုရားလေး ဘာလေးသွား”
ဆိုပြီး ပြောနေတာ မြင်တော့ ကျွန်တော်လည်း မနေနိုင် တော့ဘူးပေါ့။ ရယ်လည်း ရယ်ချင်၊ နောက်လည်း
နောက်ချင် လာပါလေရော။ အဲဒါနဲ့ “ဟုတ်.. ဒီကနေ ဆူးလေဘုရား သွားမယ်၊ ပြီးရင် ရွှေတိဂုံ
သွားမယ်၊ ပြီးရင် ခြောက်ထပ်ကြီး ဆက်သွားမယ်၊ အဲ.. နောက်တစ်ပတ်ကျရင် ကျိုက်ထီးရိုးပါ
တက်မယ် အစ်ကို” ဆိုပြီး နောက်လိုက်သေးတယ်။ ညဖက် အွန်လိုင်းမှာ ပြန်တွေ့တော့လည်း နောက်ချင်
နေသေးတယ်။ KoQQ တစ်ခုခု ပြောလိုက်တာနဲ့ ကျွန်တော်က
“တင်ပါ့ဘုရား”
“အမိန့်ရှိတော်မူပါဘုရား”
“အာမဘန္တေပါဘုရား”
ဆိုပြီး လိုက်နောက်တော့ သူက “ဟဲ့ကောင်..
ငါ ဘုန်းကြီး မဟုတ်ဘူးဟ” ဆိုပြီး အကြောက်အကန် ပြန်ငြင်းရှာပါတယ်။ အဲဒါလည်း မရဘူး။ ကျွန်တော်က
ထပ်နောက်တယ်။ “သိပါတယ် ဘုရား.. ကြည်ညိုလွန်းလို့ ဆရာတော်ဘုရားလို့ ခေါ်တာပါ ဘုရား၊
ဆရာတော် တပည့်တော်တို့ကို ဟောတဲ့ တရားတွေ သိပ်ကောင်းတာ ဘုရာ့၊ ကောင်းလွန်းလို့ အလွတ်တောင်
ကျက်ထားတာ ဘုရာ့” နဲ့ နောက်လိုက်တာ၊ KoQQ လည်း ဂွကျသွားတယ် ထင်ပါရဲ့။ ခုတလော အွန်လိုင်း
မှာတောင် သိပ်မတွေ့တာ တော်တော်ကြာပြီ။ တောင်းပန်ပါတယ် KoQQ ရေ။
“တပည့်တော်က ချစ်လို့နောက်တာပါဘုရာ့.. ဗွေမယူပါနဲ့ဘုရာ့..”
ကျွန်တော်နဲ့ ဥပျောက်စိုးထိုက်
ဟိုတလောက စိုးထိုက်ကြီးနဲ့ တွေ့ပါတယ်။ သူ့ကို သိကြတယ် မဟုတ်လား။ စုဘူးထဲက mr.story ဆိုတဲ့ ရုပ်ဆိုးဆိုး လူကြီးလေ။ သိပ်ဂွကျတာပေါ့။ သူနဲ့တွေ့တော့ သူက ညည်းတယ်။
“ငါ စုဘူးမှာ ပိုစ့်တင်ဖို့ စာရိုက်ရတာ
မလွယ်ဘူးဟ၊ ငါက စာရိုက်တာ မကျွမ်းဘူး”
တဲ့။ ပြီးတော့ ထပ်ပြောသေးတယ်။
“မရိုက်တတ်ရတဲ့ ကြားထဲ မနေ့က ပိုစ့်ထဲမှာ
ထည့်ရိုက်ရမယ့် စာလုံးလေ၊ အက္ခရာဥ ရှာမတွေ့လို့ဟ”
တဲ့။ သူက ဂွတီးဂွကျ ပြောတော့ ကျွန်တော်လည်း
အဲလိုပဲ အကြံပြန်ပေး လိုက်ပါတယ်။ နောက်ချင်တာလည်း ပါတာပေါ့။
“အောင်မယ်လေးဟာ.. ဥပျောက်တာများ အောက်ငုံ့ကြည့်ပြီး
ရှာပေါ့ဟ”
ဆိုတော့
“ဟမ်.. နင်မမိုက်ရိုင်းနဲ့နော်”
တဲ့။ လန့်ပြီး ပြောရှာပါတယ်။ အဲဒီကျမှ
သနားလို့ ပြန်ပြော ပေးလိုက်တယ်။
“အာ.. ငါကလည်း အကောင်း ပြောတာဟ၊ အောက်ငုံ့ကြည့်ဆိုတာ
ကီးဘုတ်ကို ငုံ့ကြည့်ပြီး သေချာ ရှာခိုင်းတာ ဟိဟိ”
လို့။ အင်း.. ခုလည်း ဥပျောက်လို့များ
အသေအလဲ လိုက်ရှာနေလား မသိဘူး။ သူ့ကို မတွေ့ပြန်ဘူး။
ကျွန်တော်နဲ့ အတွေးတချို့
ခုတလော ပျင်းပျင်း ရှိတာနဲ့ မြင်သမျှတွေကို ပေါက်ကရလေးတွေ တွေးနေမိတယ်။ မနေ့က ဘတ်စ်ကားဂိတ်မှာ ကားစောင့်ရင်း ဓါတ်ငွေ့သယ်တဲ့ ကားကြီးတွေ တွေ့တော့ ဂွကျကျ စဉ်းစားမိတယ်။ အဲဒီကား ကိုယ်ထည် တွေပေါ်မှာ ရေးထား ပါရောလား။
“သတိ မီးလောင်လွယ်သည်” တဲ့။ ဘယ့်နှယ်ဗျာ.. မီးလောင် လွယ်တယ်လည်း ရေးထားသေးတယ်။ တနေရာတည်း အငြိမ်မနေဘဲ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ စပ်ဆော့ လိုက်တာ ပြောမနေနဲ့။ နောက်တစ်ခု ရှိသေးတယ်။ ရယ်စရာလည်း ကောင်းတယ်၊ စိတ်ညစ်ဖို့လည်း ကောင်းတယ်။ ဘာလဲဆိုတော့ ကျွန်တော့်ကို စုဘူးထဲက သူငယ်ချင်းတွေက “ဝါဝါ” လို့ ချစ်စနိုး ခေါ်ကြပါတယ်။ အဲဒါလေ အွန်လိုင်းမှာ (အထူးသဖြင့် GTalk) မှာပေါ့၊ ကျနော့်ကို ဝါဝါလို့ လှမ်းခေါ်ကြတယ်။ အဲ.. ဂွကျတာက သူတို့က Zawgyi မပြောင်းထားဘဲ အင်္ဂလိပ်လို မှားပြီး ဝါဝါလို့ ရိုက်ကြရင် နာမည်က “အိုဂျီ အိုဂျီ” ဖြစ်နေတယ်။ ကျွန်တော့်မှာ အဲဒီလို မှားရိုက်တာနဲ့ ကြုံရတိုင်း ကိုယ့်ကိုယ်ကိုယ် သားဖွား မီးယပ်ကြီးလိုပဲ မြင်ယောင် နေမိတယ်။ မခက်ဘူးလား။
သူရဿဝါ
၀၅ - မာ့ချ် - ၂၀၀၉
Image credit: Gettyimages.com
No comments:
Post a Comment