တနေ့ တနေ့လည်း
စကားလုံးတွေမထပ်အောင် လွမ်းပြလိုက်ရတာ
အဲဒီကဗျာတွေအတွက် ငါ့ကိုယ်ငါ ရှက်တယ်။
ငါ့ဦးနှောက်က
ဆေးတစ်ရောင်တည်းသုတ်ထားတဲ့ အုတ်နံရံကြီးလား
ချစ်တာ လွမ်းတာ အသည်းကွဲတာ ရင်နဲ့မဆန့်တာ
သွားပါတော့ကွာ ဘာကဗျာဆရာလဲ။
ဒီနေ့ခေတ်ရဲ့ ကဗျာဆရာဟာ
လူထုရင်ခုန်သံကို ကိုယ်စားပြုပါသတဲ့
ဟိုလှည့်ဒီလှည့် ဒဿနမဲ့နေတဲ့ကောင်
ငါက အဲဒီလို ယိုင်ယိုင်နဲ့နဲ့ကဗျာဆရာပဲ။
စကားလုံးအတုတွေ မွှန်းခြယ်ထားတာခံရ
စကားလုံးအစစ်တွေ ပျက်ရယ်ပြုလိုက်တာကိုခံရ
ကဗျာရေးနေပြီး ကဗျာကိုလိုက်ဖမ်းနေရတယ် ဆိုကတည်းက
လှောင်အိမ်ထဲပိတ်မိနေသလိုဖြစ်ရဲ့
တကယ်ပဲ ရှက်မိပါတယ်။
ပရိသတ်ကို လိမ်နေခဲ့တဲ့ကဗျာဆရာ
ကိုယ်တယောက်ထဲသိတဲ့ အနာက
ယင်းထလာ။
ဒါနဲ့ပဲ ခပ်ညံ့ညံ့ကောင်က
မြင့်မြင့်မားမားအသိတရားနဲ့
ဟောဒီ ကဗျာကိုရေးဖြစ်တယ်။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Vox.com

No comments:
Post a Comment