Tuesday, March 10, 2009

မြူမှုန်လေးတွေလို

ဟောဒီကမ္ဘာကြီးပေါ်မှာ
မြူမှုန်ကောင်လေးတစ်ယောက်က
မြူမှုန်လုံမပျိုလေးတစ်ယောက်ကို
ချစ်မိလိုက်တာပါ။

ကမ္ဘာမကျော်ဘူး
မကြီးကျယ်ဘူး
မြူတစ်မှုန်စာလောက်ကလေး။

အခု
မြူမှုန်လေး ဆိုနေတဲ့ တဖွဲ့ဖွဲ့တေး
မြူမှုန်လုံမပျိုလေး မကြားရှာသေးဘူးကွယ်။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Wallpaperflare.com

No comments:

Post a Comment