ချာခနဲလှည့်ထွက်သွား
တသက်စာမှတ်မိနေခဲ့သော ခြေဖမိုးလေး
ရင်ထဲက အောင့်တယ်။
အဲဒီညနေကို
မင်းကမေ့ပေမယ့် ငါကမမေ့ခဲ့ဘူး ညီမလေးရဲ့။
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခါနီး မီးတောင်လို
ကိုယ့်ကိုယ်ကိုယ် ရစ်ထန်ပစ်တော့မယ့် ပင်လယ်လို
တအုံ့နွေးနွေး ခဏလေးငြိမ်သက်
အပျက်ပျက်မဟုတ်ပေမယ့်
နှာခေါင်းသွေးထွက်ခဲ့တယ်။
ဦးတည်ရာမရှိ ရည်ရွယ်ရာမသိ
အဲဒီခြေဖမိုးလေးတွေလို
ငါလည်း ချာခနဲလှည့်ထွက်မိတယ်
အခုကစ ခြေသလုံးအိမ်တိုင်။
သူရဿဝါ
၀၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com
No comments:
Post a Comment