Friday, February 06, 2009

မတော်တဆလေး ပျိုးမိတဲ့ပျိုးခင်း


အဲဒီလိုနဲ့ပဲ
မတော်တဆ ချစ်မိသွားတယ်
အလိုလို ပြိုကျလာတာတော့
မတတ်နိုင်ဘူးကွယ်။

သင်ခန်းစာအမှတ်လေး
မြတ်နိုးခြင်းခေါင်းစဉ်နဲ့
မင်းအပေါ် စိတ်လိုလက်ရ “ရွာ”တယ်။

ဟောဒီကောင်
ချရေးလို့မရတဲ့ကဗျာဟာ မင်းပဲ။

ပျိုးခင်းလို တဖြည်းဖြည်းစိမ်းလန်းလာတဲ့
ချစ်ရသူရေ..
ငါက မတော်တဆလေး ချစ်မိသွားတာပါ။

 

သူရဿဝါ
၀၆ - ဖေဖော်ဝါရီ - ၂၀၀၉
Image source; Images.google.com

No comments:

Post a Comment