ခေတ်အဆန်ဆုံး ဖွံ့ဖြိုးလင်းပွင့်ပေးတာတောင်
လူတွေကငါ့ကို နာကျင်ပစ်လိုက်ကြ
တသီးပုဂ္ဂလဆန်ဆန် ခါးတယ်။
ဒါပေမဲ့ ငါမမှားခဲ့ပါဘူးကွယ်။
ငါ့ကိုယ်ပေါ် ကားတွေတဝီဝီဖြတ်မောင်းခဲ့ကြ
တိုက်တာဆောက်ဦးတွေ မိုးလိုမျှော်ခဲ့ကြ
လူစီးကြောင်းတွေ တရွေ့ရွေ့လမ်းတက်လျှောက်ခဲ့ကြ
ငါ့ရဲ့ အရင်တုန်းက နုပျိုစိုမြစ်သော ကိုယ်ပေါ်မှာပေါ့။
“အဲဒီတုန်းက” လို့ ပြန်တွေးကြည့်တိုင်း လွမ်းတယ်။
ဘာများ အထားအသိုလွဲခဲ့ပါသလဲ
နေရောင်နဲ့လည်း ငါနိုးကြားတယ်
လရောင်နဲ့လည်း ငါနိုးကြားတယ်
အပြောင်းအလဲမမြန်သလို
ဟိုတစ်မျိုး ဒီတစ်မျိုးလည်း မဆိုးခဲ့ပါဘူးကွယ်။
သူတို့တွေက ငါ့အပေါ်ခါးသီးညစ်ထေး
အဲဒီလို နာမည်ခဏခဏပြောင်းတဲ့လူတွေကို
ဝါကျင်သွားတဲ့ မြို့အသိုးက
ခါးသီးနာကျည်းသွားတော့တယ်။
သူရဿဝါ
၂၃ - ဖေဖော်ဝါရီ - ၂၀၀၉
Image credit: Gettyimages.com
No comments:
Post a Comment