ဘဝမှာ နေညိုခဲ့ဖူးတာလည်း အကြိမ်ကြိမ်ပါကွယ်
ခင်းထားမိတဲ့လမ်းတွေ ပျောက်ရှ
ကိုယ်တို့အရာရာ နောက်ကျခဲ့ပြီ။
ကိုယ့်ကိုယ်ကို မျှောပစ်လိုက်ရတဲ့ပင်လယ်က
ဘာကိုမှလည်း မတမ်းတရဲခဲ့ဘူး။
ကိုယ်က ငရဲမီး ဖွဲမီးပါ ညီမလေးရယ်
ညီမလေးက ကိုယ့်တိတ်ဆိတ်ခြင်းတွေကို လင်းစေခဲ့သူ
ကိုယ်က အဲဒီအလင်းကို တစ်ဘဝစာ ရင်းပစ်ခဲ့သူ
ချစ်တာခြင်းတူရင်တောင် ဘယ်သူကပိုမိုက်မဲခဲ့သလဲ။
ကိုယ်လေ.. မဝံ့မရဲ မျှော်နေခဲ့ပါရဲ့
အမှောင်တွေရွာကျ.. ကိုယ့်အပေါ် အမှောင်တွေရွာကျ
မိုးဖို့ ခိုဖို့ ထီးတစ်လက်တောင်ရှာမရဘူး။
တကယ်တော့.. ညီမလေးရယ်
ဝေးတဲ့အရာတွေက ဝေးနေခဲ့ကြ..
ကိုယ်တို့လည်း ကမ္ဘာအထပ်ထပ်ပြိုသလို
ငိုလက်စနဲ့ငို
ငိုရစ်ကြရအောင်ကွယ်။
သူရဿဝါ
၁၈ - နိုဝင်ဘာ - ၂၀၀၈
Image source; Images.google.com

ReplyDeleteကိုယ်က... အဲဒီအလင်းကို တစ်ဘ၀စာရင်းပစ်ခဲ့သူ
အဲစာသားလေး ကြိုက်တယ်
ဆက်လက် အားပေးနေမယ်
အားမလျှော့ ပါနဲ့ ..
ReplyDeleteအချစ်စစ်တိုင်းက မချောမွေ့ပါဘူး.
ပျော်ရွှင်နိုင်ပါစေရှင်
ကဗျာလေးကိုလာရောက်ခံစားသွားပါတယ်...
ReplyDeleteတကယ်ကောင်းပါတယ်..ညီမလေးနဲ့ အဆင်ပြေပါစေလို့ 
ဆုတောင်းပေးလိုက်ပါတယ်နော်... :D
တကယ်တော့…. ညီမလေးရယ်…
ReplyDeleteဝေးတဲ့အရာတွေက ဝေးနေခဲ့ကြ…….