Tuesday, June 03, 2008

တခုတ်တရ အနာများ


မေ့ထားပေမယ့်
ဖျောက်ပစ်လို့မရခဲ့တဲ့အနာတွေ

ရင်ဘတ်ထဲက အမာရွတ်ဆိုပြန်တော့
ကိုယ်ကလွဲလို့ ဘယ်သူမှလည်းမမြင်နိုင်ခဲ့ဘူး။

မိုးတွေ.. မိုးတွေရွာတယ်
ဒီထက်ပို
ကိုယ့်မျက်လုံးထဲ မိုးတွေရွာခဲ့တယ်။

တဖြည်းဖြည်း
တိုဝင်သွားတဲ့ဖယောင်းတိုင်လို
ဂတ်ဗိုလ်မရှိတဲ့ ရထားတွဲလို
ကိုယ်တို့ စနစ်တကျကို လွဲမှားခဲ့ကြ။

ထိန်းချုပ်ဖို့ ကန့်သတ်ဖို့
ကြိုတင်နိမိတ်တွေကိုမှ
မသိနိုင်ခဲ့တာပဲကွယ်။

အားလုံးရဲ့နားက
ကိုယ်ဝေးကွာသွား
ကိုယ့်ရဲ့နားက
အားလုံးဝေးကွာသွား
ကျောခိုင်းကြတဲ့အခိုက်မှာ
မင်းအရိပ်လေးကိုတောင်
နှုတ်ဆက်ဖို့မဖြစ်နိုင်ဘူး။

အိမ်လေးတစ်လုံး၊ ဆိတ်ငြိမ်ရပ်ကွက်၊
ဂျပန်ဘီးအမည်းရောင်လေး
မိုးတွေကပဲ
အဲဒီအရာတွေကို မိုးပစ်ခဲ့တာ
နာကျင်ရင်း ခံစားရင်း
လွမ်းနေရင်းကပဲ
မကျက်နိုင်တဲ့အနာတွေကို
တခုတ်တရ မွေးမြူထားဖြစ်ခဲ့တယ်။

 

သူရဿဝါ
၀၃ - ဇွန် - ၂၀၀၈
Image source; Images.google.com

No comments:

Post a Comment