ဆွံ့အခြင်း ငြိမ်သက်ခြင်းက
ငါတို့လူစုနဲ့
ခပ်ဝေးဝေးမှာ။
မိုးတွေရွာလည်း ရှေ့ဆက်ကြမယ်
နေပူပူထဲလည်း ရှေ့ဆက်ကြမယ်
ငါတို့ဆောင်ပုဒ်ကိုက “ရှေ့သို့” ဖြစ်ရဲ့။
အကြင်နာများ
ဖေးကူမှုများ
ရိုင်းပင်းကူညီခြင်းများ
မြင့်မြတ်သိမ်မွေ့သော လူငယ်စိတ်များနဲ့
ငါတို့ခရီးကို ငါတို့ရွက်လွှင့်မယ်
လေဆန်လည်းမကြောက်ပါဘူးကွယ်။
ပြုံးနေကြတယ်
ငါတို့အားလုံး ပြုံးနေခဲ့ကြတယ်။
သွေးသားမတော်စပ်လည်း
ညီရင်းအစ်ကိုလို မောင်ရင်းနှမလို
ငါတို့ နှုတ်ခမ်းလွှာတွေ တူတူညီညီ
ကွေးညွတ်ရွှန်းစိုနေခဲ့ကြတယ်။
ထက်သန်သော ပရဟိတများနဲ့
ငါတို့ရဲ့ တူမျှသော အနာဂတ်စကားဟာ
“ရှေ့သို့” သာဖြစ်တယ်။
(Suboo Multi-Social Network ညီအစ်ကို မောင်နှမများ အားလုံးသို့ အမှတ်တရ)
သူရဿဝါ
၀၃ - ဇွန် - ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment