ဆောင်းနဲ့နှင်းဟာ
နွေဦးမှာ ခွဲခွာရမယ်ဆိုတာမျိုး
ရိပ်ဖမ်းသံဖမ်းလောက်တောင် ပြောမထွက်ခဲ့ဘူး။
မျက်စိအောက်မှာတင်
ပုံပျက်ပန်းပျက် ကျိုးကျသွားတဲ့ ပန်းခင်းလေးရယ်
ငါတို့ကြားက သွေးပျက်စရာကောင်းတဲ့
သုသာန်တစပြင်လို ငြိမ်သက်မှုမျိုးရယ်
အဲဒါတွေက
ရေးနေကျ အလွမ်းကဗျာထဲ
မဖြစ်မနေထည့်သွင်းရမယ့်
နိမိတ်ပုံဆိုတာမျိုးလည်း ပြောမထွက်ခဲ့ပြန်ဘူး။
ငါမှတ်မိတာက
စကားလုံးတွေပါရုံနဲ့ ကဗျာမဟုတ်ဘူးဆိုတဲ့ မင်းရဲ့စကား
ကျိုးကျသွားတဲ့ပန်းခင်းလေးဟာ
နွေဦးကိုအရောက်မှာပဲ သုသာန်တစ်ခုလိုငြိမ်သက်သွား
ငါဟာ
မင်းဖတ်ချင်တဲ့ကဗျာတစ်ပုဒ် မဖြစ်ခဲ့ပါလားကွယ်။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment