ဘဝကြီးကိုက ကာရန်လွဲနေခဲ့တာပါ။
မိုးနည်းရပ်ဝန်းမှာ
ဖြစ်ကတတ်ဆန်း အသံဝင်ခဲ့ရတာလည်း
ချစ်သူ့အလိုတော်အတိုင်း
လျော့ရဲရဲအချစ်ကို အရက်ပြန်အတင်းသိပ်ပြီး
အနာကျက်စေခဲ့တာလည်း
ချစ်သူ့အလိုတော်အတိုင်း
“ဇူးလူး”
နတ်မင်းရေ
ကျွန်တော်မျိုးရဲ့ကိုယ်တစ်ခြမ်း
ဝင်ပေါက်မှားသွားတယ်။
အခုတော့
ဘုရားသခင်ဖန်ဆင်းတဲ့
နံရိုးတစ်ချောင်း
မာယာများလွန်းတာကိုယုံပြီ။
အရှက်နည်းလိုက်ပုံများ
ဘဝမှာ ကိုယ်တစ်ခြမ်းပဲ့နဲ့သွားလာနေခဲ့တာ
ဒီခန္ဓာကြီး မီးမသင့်မချင်း။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment