အချစ်ကို
မွတ်သိပ်တဲ့မျှော်လင့်ချက်နဲ့ထုပ်ပိုး
ဆူးပုံအထပ်ထပ်ကိုဖြတ်နင်းဖို့
ယုံကြည်ခြင်းပြယုဂ်ဟာ “ချစ်သူ” ပဲ။
တမင်စူထားတဲ့
နှုတ်ခမ်းတစ်စုံရယ်
မျက်နှာပြင်ပေါ်က သနပ်ခါးနံ့လေးရယ်က
အမြဲမက်ချင်တဲ့အိပ်မက်ပဲ။
မိုးကောင်းမှတ်တိုင်နဲ့
လမ်း ၅၀ လက်ဖက်ရည်ဆိုင်က
စောင့်စားခြင်းရဲ့ နိမိတ်ပုံပဲ။
ဘယ်လိုပြောရမလဲ
အရေးတကြီးသွားရမယ့်ခရီးအတွက်
နောက်ကျနေတဲ့ရထားကိုစောင့်ရသလိုမျိုး
မချင့်မရဲ။
ကျွန်တော့်ကဗျာတွေကိုနားမလည်တဲ့
“ချစ်သူ” ရေ
ကျွန်တော့်ကို တစ်ပိုဒ်ချင်းဖတ်ပါ။
တစ်ကြောင်းချင်းဘာသာပြန်ပါ။
ရှင်းရှင်းပြောရရင်
“ကျွန်တော့်ကဗျာ” ကို
မြန်မြန်နားလည်ပါကွယ်။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment