Wednesday, February 13, 2008

သေတမ်းစာ


ရင်နဲ့အမျှ ချစ်ပြခဲ့တာပဲ
နာကျင်မှုကလွဲပြီး
ရင်ထဲမှာ ဘာမှမကျန်ဘူး။

စည်ကားဖူးတဲ့ ဘူတာရုံလေး
တိုးတိုးတိတ်တိတ် ဆွေးတယ်။

အချစ်တွေ ကြဲပက်ထားတဲ့ပျိုးခင်းက
ရိတ်သိမ်းချိန်ကျ မျက်ရည်တွေပဲ အထွက်တိုးခဲ့။

မမျှော်လင့်ခဲ့ပါဘူး
ကြယ်ကိုခြွေချတာ လမင်းလို့လေ။

နောက်နေ့
ကိုယ့်ရင်ဘတ်ကိုယ် ထုပ်ပိုးပြီး
နာနာကျည်းကျည်း စီးနေတဲ့မြစ်တစ်စင်းကိုတွေ့ရင်

ကျေးဇူးပြုပြီး..
.. .. .. .. .. .. .. .. ..

ဘယ်သွားမလဲ မမေးကြပါနဲ့။

 

သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈

Image source; Images.google.com

No comments:

Post a Comment