ငါတို့က..
ဖြစ်တယ်။
သုံးရာ့နှစ်ဆယ်ခွဲတမ်းအရ
ဦးရဲမောင်ရဲ့ချက်မြှုပ်မှာ
ငါတို့က..
ဖြစ်တယ်။
နက်ပြာရောင်ဦးဂျမ်းများ
ဆောင့်ကြွားကြွားနင်းသွားတဲ့မြို့လေးပေါ်မှာ
ငါတို့က..
ဖြစ်တယ်။
နှစ်စက
တက်တက်ကြွကြွ
Lecture
စာအုပ်များ
ရာသီဝက်မှာတင်
အောက်တန်းဆင်းတဲ့
ငါတို့က..
ဖြစ်တယ်။
ချစ်စမ်းမောင်နီးပါး
ခင်မောင်သန့်နီးပါး
ခြောက်ကြိုးကဝေအသံများ
မြနန်းသိင်္ဂီရှေ့မှာ
ခေါက်တုံ့ခေါက်ပြန်လျှောက်တဲ့
ငါတို့က..
ဖြစ်တယ်။
စနေ
တနင်္ဂနွေ သင်္ဘောပေါ်က
အားလပ်ရက်များကို
ရှမ်းရိုးရာကရင်း
အားလပ်ကြတဲ့
ငါတို့က..
ဖြစ်တယ်။
ခရက်စ်ပိုစီးသွားသော
အိုဝင်လေလျှော့သွားသော
လက်မှတ်ရစက်ဘီးများကို
ထောင်ဝင်စာမတွေ့နိုင်သေးတဲ့
ငါတို့က..
ဖြစ်တယ်။
ငါတို့က
အဆောင်စည်းကမ်း
မသိကြပါ။
သောမတ်စ်အက်ဒီဆင်
မသိကြပါ။
ငါတို့က
ယောင်ပေပေနဲ့
တီတံကိုင်သော
စက်မှုကျောင်းသားများဖြစ်တယ်။
(၂၀၀၄၊ ၂၀၀၅ ဝါးခယ်မ GTI မှ သူငယ်ချင်းများသို့ အလွမ်းပြေ)
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image
source; Facebook.com
No comments:
Post a Comment