နံနက်ခင်းရဲ့
နှင်းစက်ကလေးတွေ
ကိုယ့်နဖူးပေါ်မှာ
အေးမြစွာစိမ့်ဝင်နေခဲ့တယ်။
တကယ်ပါပဲ
ဒီအချိန်လေးဟာ
အခုလွမ်းနေရမယ်လို့
နိမိတ်ပြနေခဲ့တယ်။
နှင်းစက်ကလေးတွေ
ပါးပြင်ပေါ်ကို စီးကျလာတယ်
ကိုယ်ငိုချင်လာပြီအချစ်ရယ်။
မင်းက
ကိုယ့်ကို မေ့နိုင်တယ်တဲ့လား
မင်းနှလုံးသားက
မင်းကို ညာနေတာပါကွယ်။
ကိုယ့်ရှေ့မှာ
မင်းအမည်ကို ခေါ်ကြပြောကြတယ်
ကိုယ့်နားဝမှာတော့ ဈာပနခေါင်းလောင်းသံပါကွယ်။
တုန်တုန်ရီရီဖြစ်ရတယ်
ဘာကြောင့် ဒီလောက်
ချစ်စရာကောင်းရသလဲကွယ်။
ကိုယ်
မင်းကိုသိတယ်ဆိုတာ
သူတို့မသိကြဘူးလေ။
တုန်တုန်ရီရီဖြစ်ရတယ်
ဘာကြောင့် ဒီလောက်
ချစ်စရာကောင်းရသလဲကွယ်။
မင်းကိုသေချာစွာနားလည်ခဲ့သူကိုမှကွယ်
လျှို့ဝှက်စွာတွေ့ခဲ့ကြတယ်
တိတ်ဆိတ်စွာ ကိုယ်ကြေကွဲရတယ်။
နှစ်ပေါင်းများစွာကြာလို့
ပြန်တွေ့ကြတဲ့အခါ
ကိုယ်ဘယ်လို နှုတ်ဆက်ရပါ့မလဲ
အချစ်ရယ်။
ဂျော့ချ် ဂေါ်ဒွန် ဘိုင်ယွန်
Image source; Images.google.com
No comments:
Post a Comment