အထင်သေးအမြင်သေး
မုန်တိုင်းလိုစကားများ
ဆူးကြမ်းလမ်းလို ထွင်းနှောက်ခဲ့
ဆူးတွေလို ချွန်ရှတဲ့စိတ်နဲ့
ဆူးတောကိုမှ ပြုံးပြုံးလေးနင်းခဲ့
တစ်ခါတစ်ခါထွက်ကျလာတတ်တဲ့ စကားလုံးတွေက
ခေတ်ပေါ်ကဗျာတစ်ပုဒ် ဖြစ်ရင်ဖြစ်မယ်။
ဝတ္ထုတိုတစ်ပုဒ် ဖြစ်ရင်ဖြစ်မယ်။
စိတ်တွေကိုရင်း စိတ်တွေကိုခင်းပြီးမှ
ဖွားဇာတာတပ်တာ ငါ့ကဗျာပဲ။
စောင့်ကြည့်ကြပါ အရပ်ကတို့ရယ်
ဆူးတောအဖုံဖုံ ဆူးပုံအထပ်ထပ်
ဖြတ်ပြီးထွက်လာခဲ့မယ့် စာရေးဆရာရဲ့လက်မှာ
ဆူးတွေနဲ့ရံတဲ့ နှင်းဆီတစ်ပွင့်
ကြွားဝင့်နေပုံ
ခင်ဗျားတို့မြင်ကြရစေမယ်။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment