တစတစခြောက်ခမ်းလာပေမယ့်
အာစွတ်ရုံကျန်နေသေးတဲ့ ဗြဟ္မစိုရ်စိတ်ထားလေးများ
ဒီနေ့မြင်ရခဲတဲ့
လူသားဆန်ဆန် အပြုအမူ ခပ်ပါးပါး
တစ်တောလုံးမပြုန်းသေးတော့
အလဟဿဖြစ်သွားတဲ့
ရက်လည်မုန့်ဟင်းခါးဆိုတာမရှိသေး
သဘာဝဘေးရဲ့သားကောင်ဖြစ်သွားတဲ့
မိသားစုတွေလက်ထဲက ထမင်းထုပ်တွေ
အေးစက်စက်မဖြစ်သေး
အသနားခံလူတန်းစားရဲ့ ဝမ်းအထွာတွေ
ဟောင်းလောင်းမပွင့်ကြသေး
ကြီးထွားလာသော အတ္တဟိတဝါဒများကြား
လုံးလုံးပျောက်ရှမသွားသေးသော
အာစွတ်ရုံကျန်နေသေးတဲ့
ငါတို့ရဲ့ စာနာစိတ်လက်ကျန်တွေ။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment