ဟောဒီအချိန်မှာပေါ့
ကဗျာဆရာ ဒီကောင်ရဲ့အသည်းကနတ္ထိ
(ဘာဖြစ်ဖြစ်) ရပ်ကြည့်နေခဲ့ရ
ခံစားချက်တွေ ဆူဝေပေါက်ကွဲဖို့
လက်သီးလက်မောင်းတန်းပြီးဟန်ရေးမပြခဲ့
မျက်လုံးကိုထောင့်ကပ်ပြီး
အလျှံညီးညီးမကြည့်ခဲ့
ပေါက်ကွဲလုဆဲဆဲစိတ်အလွှာကို
သိက္ခာနဲ့ဟန့်တား ငါ့လမ်းငါဆက်သွားတယ်။
ဒေါသတွေကို ပြန်ပြီးသိမ်းထုပ်
အနုပညာအဖြစ်ဖုံးအုပ်လှောင်ပိတ်
ညီမလေး
မင်း သိပ်ကံကောင်းတယ်။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment