Tuesday, February 12, 2008

ကမ္ဘာဦးသီချင်း


 











အဲဒီညနေခင်းလေးပေါ့
လေပြေတွေဆော့မြူး
ပန်းကလေးတွေ ကိုင်းကူးကိုင်းဆက်မှာ
အိပ်မက်ဖြူလေး မွှေးမွှေးမြတယ်။

ရင်ခွင်တစုံလုံးပါပဲ
အကြည့်လင်းလင်းလေးကို
အဓိပ္ပာယ်ဖွင့်နေခဲ့တာလေ
ငါက
အိပ်မက်တွေအခိုးထနေတဲ့
ကဗျာတစ်ပုဒ်ပေါ့ကွယ်။

ငါ့ရဲ့ကဝေမလေးရေ
ဘယ်လိုဘာသာစကားနဲ့ဖြစ်ဖြစ်
ရည်းစားစကားမှန်ရင် “ချစ်တယ်” ပါပဲ။
 
အဲဒီလို ညနေပျိုလေးပေါ့
ကျွန်တော့်ရဲ့အိပ်မက်ဖြူလေး
တဖိတ်ဖိတ်လက်နေခဲ့တာ။

သူရဿဝါ
၁၂၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image credit: Gettyimages.com

No comments:

Post a Comment