ကျွန်တော်အသည်းကွဲတဲ့အခါ
Disco သီချင်းနားမထောင်ဖြစ်ဘူး။
ကျွန်တော်အသည်းကွဲတဲ့အခါ
ရုပ်ရှင်ရုံက DC လက်မှတ်ကိုသတိမရဘူး။
ကျွန်တော်အသည်းကွဲတဲ့အခါ
Valentine ဆိုတဲ့လူကိုမသိဘူး။
ကျွန်တော်အသည်းကွဲတဲ့အခါ
ကန်ဘောင်ကခုံတန်းတွေကို မမှတ်မိဘူး။
ကျွန်တော်အသည်းကွဲတဲ့အခါ
ဆေးလိပ်မသောက်ရတားမြစ်ချက်ကို သတိမရဘူး။
ကျွန်တော်အသည်းကွဲတဲ့အခါ
ကန်တော်ကြီးကို ဘာကားစီးရမလဲ မသိဘူး။
ကျွန်တော်အသည်းကွဲတဲ့အခါ
ရေမွှေးတစ်ပုလင်း ဘယ်လောက်မှန်းမသိဘူး။
ကျွန်တော်အသည်းကွဲတဲ့အခါ
အသည်းကွဲတာကိုပဲသတိရတယ်။
အသည်းကွဲတာကိုသတိရတဲ့အခါ
ကျွန်တော်အသည်းကွဲတယ်။
အဲဒီတော့
ကျွန်တော် အသည်းကွဲတဲ့အခါ..
သူရဿဝါ
၁၂၊ ဖေဖော်ဝါရီ၊
၂၀၀၈
Image from; Images.google.com
No comments:
Post a Comment