ငါ့မျက်လုံးလမ်းကြောင်းအလွှဲက
မင်းမျက်နှာလေးနဲ့အဝေး
ငေးငေးရီရီ။
အပြင်မှာမိုးတွေ
အုံ့မှိုင်းညိုလွှမ်းနေသလား
နှင်းတွေ ဆုပ်ဆုပ်ခဲခဲကျဆင်းနေသလား
ဝေဝါးတဲ့မျက်လုံးအိမ်က
ဘာကိုမှလည်း သဲသဲကွဲကွဲမမြင်နိုင်တော့ဘူးကွယ်။
ပြတင်းဘောင်လေးရဲ့
ဆွံ့အမှုအပေါ်
ငါ့ဝမ်းနည်းခြင်းဟာ ကြေကြေကွဲကွဲမှီထောက်လို့
ချိနဲ့ပြိုလဲစွာပေါ့။
မင်းပါးပြင်က
ပါးကွက်ကြားကြားလေး
ချိုဩလင်းရှတဲ့ မင်းရယ်သံလေး
ကြိုးပြတ်သွားတဲ့ စက္ကူစွန်တစ်ကောင်လိုဖြစ်ခဲ့။
ငါ့ကို
စူးစူးစိုက်စိုက်မကြည့်ပါနဲ့တော့
တွယ်တွယ်ယှက်ယှက်မကြည့်ပါနဲ့တော့
မင်းမမြင်ချင်ပါနဲ့တော့ကွယ်။
ငါ့မျက်လုံးတွေ
လွှဲပစ်လိုက်တာက
မင်းမျက်နှာလေးနဲ့ခပ်ဝေးဝေး
နင့်နင့်ဆွေးဆွေး
ငေး ရီ။
သူရဿဝါ
၁၃၊ ဖေဖော်ဝါရီ၊ ၂၀၀၈
Image source; Images.google.com
No comments:
Post a Comment