နေဝင်ချိန်ကို
အိပ်တန်းပြန်ငှက်ကလေးတွေတောင်
နှုတ်ဆက်သယောင်လှည့်ကြည့်မသွားကြ
ဒါနောက်ဆုံးလားကွယ်။
တစ်ယောက်ရဲ့စိတ်အစဉ်ဟာ
တစ်ယောက်ဆီ ခိုတွယ်ငြိပါသွား
ထပ်ပေးလို့မရတဲ့လက်ဆောင်တစ်ခုလေ
သတိတရ ဒါမှမဟုတ်
အမှတ်တရအနေနဲ့ကိုယ့်ရင်ဘတ်ကိုယ်ပြန်ငုံ့ကြည့်
အခုထိ နာကျင်ဆဲပဲ။
လက်ဖဝါးအောက်က သွေးကြောမျှင်လေးတွေ
ဖိကိုက်ထားခွင့်မရှိတော့တဲ့ ဆံစအဖျားလေးတွေ
အနားကထွက်ခွာမသွားအောင် အမိန့်မပေးဝံ့တော့ဘူး။
နေဝင်ချိန်ကိုထမ်းပိုးသွားတဲ့လမ်းကလေးဟာ
ငါ့ကိုနှုတ်ဆိတ်စွာနှုတ်ဆက်သွား
ဒါတကယ့်ကို
တကယ့်ကိုနောက်ဆုံးပဲကွယ်။
သူရဿဝါ
၁၂၊
ဖေဖော်ဝါရီ၊ ၂၀၀၈
Image credit: Gettyimages.com

No comments:
Post a Comment