Tuesday, February 12, 2008

နောက်ဆုံး


နေဝင်ချိန်ကို 

အိပ်တန်းပြန်ငှက်ကလေးတွေတောင်

နှုတ်ဆက်သယောင်လှည့်ကြည့်မသွားကြ 

ဒါနောက်ဆုံးလားကွယ်။

တစ်ယောက်ရဲ့စိတ်အစဉ်ဟာ 

တစ်ယောက်ဆီ ခိုတွယ်ငြိပါသွား

ထပ်ပေးလို့မရတဲ့လက်ဆောင်တစ်ခုလေ 

သတိတရ ဒါမှမဟုတ်

အမှတ်တရအနေနဲ့ကိုယ့်ရင်ဘတ်ကိုယ်ပြန်ငုံ့ကြည့်

အခုထိ နာကျင်ဆဲပဲ။

လက်ဖဝါးအောက်က သွေးကြောမျှင်လေးတွေ 

ဖိကိုက်ထားခွင့်မရှိတော့တဲ့ ဆံစအဖျားလေးတွေ

အနားကထွက်ခွာမသွားအောင် အမိန့်မပေးဝံ့တော့ဘူး။ 

နေဝင်ချိန်ကိုထမ်းပိုးသွားတဲ့လမ်းကလေးဟာ

ငါ့ကိုနှုတ်ဆိတ်စွာနှုတ်ဆက်သွား 

ဒါတကယ့်ကို

တကယ့်ကိုနောက်ဆုံးပဲကွယ်။

သူရဿဝါ
၁၂၊ ဖေဖော်ဝါရီ၊ ၂၀၀၈

Image credit: Gettyimages.com

No comments:

Post a Comment