Tuesday, February 12, 2008

အလွမ်းဒီဇင်ဘာ


 

ဦးတည်ရာမရှိတဲ့စိတ်က လေနဲ့အတူလွင့်တယ်။  

ဘယ်လို ဖြေဆည်မှုမျိုးနဲ့မှ မင်းကို  

ဌာန်ကရိုဏ်းကျကျမေ့လို့မရဘူးအချစ်ရယ်။  

ငါ့အလွမ်းက  

အင်းလျားကန်ဘောင်မှာ  

၄၉ လမ်းမှာ  

ဆူးလေမှတ်တိုင်မှာ  

ထူးအိမ်သင်သီချင်းတွေထဲမှာ  

ဒီဇင်ဘာနှင်းမှုန်တွေကြားမှာ  

အဲဒီကွင်းပြင်ကျယ်ကျယ်လိုအလွမ်းတွေက  

လေနဲ့အတူလွင့်လွင့်ဝဲဝဲ။

 

သူရဿဝါ
၁၂၊ ဖေဖော်ဝါရီ၊ ၂၀၀၈

No comments:

Post a Comment