“အဖြူ”
တွေ့နေရတာအဖြူ
အဖြူဟာ ကိုယ့်စိတ်ကို လွှမ်းမိုးထား
နှင်းပွင့်ဖြူဖြူကလေးတွေဆိုတာ
လောကရဲ့အကြီးကျယ်ဆုံးအမှုန် …
ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာ မပြောပြတတ်ဘူးလို့
ကိုယ်ဘယ်လိုပြောရပါ့
အဖြူဟာ အဖြူဖြစ်တယ်၊ နတ္ထိသဘောဖြစ်တယ်၊
အရာအားလုံးရဲ့ အခြေခံအကြောင်းတရားဖြစ်တယ်
ကိုယ် ဒိထက်ပို … ဘယ်လိုပြောရပါ့
သီချင်းဖြူဖြူ၊ စိတ်ကူးယဉ်အဖြူ၊ လေဟာနယ်အဖြူ
ကိုယ်ကိုယ်တိုင် အဖြူထည်မဟုတ်ပေမယ့်
ကိုယ်ကိုယ်တိုင်အဖြူ …
ပြောရင်းဆိုရင်း
အဖြူကလေးတစ်ပွင့် လွင့် လာ … ကိုယ့်အနား ။
သူရဿဝါ
သြဂုတ် ၂၇ ၊ ၂၀၁၀ ခုနှစ်
အဖြူရောင်ကို နှစ်သက်လို့
ReplyDeleteအဖြူ ဆိုသော ကဗျာလေးက ကဗျာဆရာရဲ့
ကဗျာများစွာထဲက........
ကျွန်မအနှစ်သက်မိဆုံးကဗျာလေးတစ်ပုဒ်ရယ်