ခင်ဗျားဘယ်သူလဲဆိုတာ ကျွန်တော်မသိဘူး
- သူရဿဝါ -
မီးညှိလို့တောင်မရတော့တဲ့ ဆေးပေါ့လိပ်အတိုလား
ပါရမီရှင်လား၊
လုပ်တိုင်းဖြစ်သူလား၊ ဒါမှမဟုတ်
လစ်တိုင်းဖြုတ်တာလား၊ ဥစ္စာပျောက်မှမဟုတ်ဘူး
ဥစ္စာခြောက်ရင်လည်း ငရဲရောက်တာ သိစေလို . . .
ကျွန်တော်မတွေးတတ်တော့ဘူး . . . ခင်ဗျားဘာလဲဆိုတာ
ဘယ်ယိမ်းညာယိမ်း အဲဒီစိတ်အစုတ်တွေသိမ်းလိုက်
ကိုယ့်ကိုယ်ကိုဂီယာထိုး ကိုယ့်ကိုယ်ကို စက်နှိုး
ဆက်နှိုး . . . ဆက်နှိုး . . . မနိုးမချင်းပေါ့ စက်နှိုး
“အေး ချမ်း ငြိမ်း ဖြူ စင် မြင့် မြတ်”
အမှိုက်စား၊ ရိုက်စား၊ နှိုက်စား၊ လိုက်စားလစ်တိုင်းဖြုတ်တာလား၊ ဥစ္စာပျောက်မှမဟုတ်ဘူး
ဥစ္စာခြောက်ရင်လည်း ငရဲရောက်တာ သိစေလို . . .
ကျွန်တော်မတွေးတတ်တော့ဘူး . . . ခင်ဗျားဘာလဲဆိုတာ
ဘယ်ယိမ်းညာယိမ်း အဲဒီစိတ်အစုတ်တွေသိမ်းလိုက်
ကိုယ့်ကိုယ်ကိုဂီယာထိုး ကိုယ့်ကိုယ်ကို စက်နှိုး
ဆက်နှိုး . . . ဆက်နှိုး . . . မနိုးမချင်းပေါ့ စက်နှိုး
“အေး ချမ်း ငြိမ်း ဖြူ စင် မြင့် မြတ်”
ရုပ်နာမ်နှစ်ပါးတွဲပြီး အကုသိုလ်သီချင်းကို ပျော်ပျော်ကြီးဟဲနေတယ်
ဘယ်သူမပြု မိမိမှု၊ ခင်ဗျားပြုတော့လည်း ခင်ဗျားအမှုပဲ
ဘယ်သူမှမှုလည်း ခင်ဗျားပြုတာပဲ . . . ခက်လိုက်တာ
ခင်ဗျားဘာလဲဆိုတာ ကျွန်တော်မသိဘူး
ခင်ဗျားဘာလုပ်နေလဲ . . . ခင်ဗျားကိုယ်တိုင်လည်း သိပုံမရ
ခင်ဗျားက
ဘရက်ပစ်ထ်ဖြစ်ချင်တယ်၊ အမေရိကန်သမ္မတဖြစ်ချင်တယ်
ဒေးဗစ်ကော်ပါးဖီးလ်ဖြစ်ချင်တယ်၊ ဒေးဗစ်ဘက်ဟမ်းလည်းဖြစ်ချင်တယ်
လူဝင်စားတစ်ယောက်ဖြစ်ချင်တယ်၊ အေဂျေခရိုနင်လည်းဖြစ်ချင်တယ်
အမြှီးမြှောက်လိုက်၊ အမြှီးပျောက်လိုက်၊ အမြှီးထွက်လိုက်၊
အမြှီးဖွက်လိုက်နဲ့ . . . ပွဲဈေးကချားရဟတ်ကြီးလို . . .
ပတ်ချာလည်နေတယ်
ဘယ်သူမှမရပ်ပေးသ၍ . . . .
ပန်းအလင်္ကာမဂ္ဂဇင်း [ ဇူလိုင်လ - ၂၀၁၀ ခုနှစ် ]
လစ်တိုင်းဖြုတ်တဲ့လူတွေ လုပ်တိုင်းဖြစ်နေတဲ့ ခေတ်မှာ ချားရဟတ်စီးသူတစ်ယောက် အပေါ်ရောက်လိုက် အောက်ရောက်လိုက်နဲ့ လုံးချာလည် လိုက်လို့။
ReplyDeleteကဗျာလေးကောင်းပါတယ်ခင်ဗျာ။
ReplyDeleteလစ်တိုင်းဖြုတ်၊ လုပ်တိုင်းဖြစ် အချိန်တကွေ့ နဲ့ ဘ၀မြင့်တဲ့အခါပေါ့(သင်္ခါရမို့ ပါ)
အပေါ်မရောက်အောက်မှာပဲ၊ ကြောက်ကြောက်နေရတဲ့လူတွေလည်းအမျာကြီး........
ခင်ဗျာ ဘယ်သူဘယ်ဝါ သိဖို့မလိုပါ။ ငါဘယ်သူလဲပဲ သိဖို့လိုတယ်လို့ပဲ ထင်တာပဲ။
ReplyDeleteကဗျာလေးက ၃ခေါက်လောက် ဖြတ်တတ် လုပ်လိုက်ရတယ်...:P