Monday, December 07, 2009

စိတ်ကို အစိတ်စိတ်ဖြစ်အောင် စိတ်ခြင်း


“စိတ်ကို အစိတ်စိတ်ဖြစ်အောင် စိတ်ခြင်း”


စိတ်ဖောက်နေတယ် ၊ စိတ်ပျောက်နေတယ် ၊ စိတ်ပေါက်နေတယ်
စိတ်ပါးစပ်ပေါက်ကြောင့်ေ*ာက်ပါးစပ်ပိတ်
စိတ်လည်းမသွားလို့ ကိုယ်လည်းမပါဘူး
သွားလား ၊ နားလား ၊ နားနားနေနေသွားတာလား
စိတ် ….. ဒိတ်အောက်နေတယ်
စိတ် ….. ဟန်းနေတယ် ၊ အရိပ်ကြမ်းကြမ်းတွေမလာနဲ့
အရမ်းကြိတ်တဲ့သွား ပိုးစားတတ်တယ်
အခုထိတော့ အရိုးတွေနားမှာ ဝေ့လည်ဝေ့လည်
တွေ့တယ်တွေ့တယ် ၊ နား နား
နားနားပြီးပြောသင့်တဲ့အခါပြော ၊ နားနားကပ်ပြီးပြောသင့်ရင်ပြော
ပြောလွန်းတဲ့ပါးစပ် အာပတ်သင့်တယ်
ညစ်ပေတာတွေနား ၊ ညစ်ပေတာတွေသွား
သွားပြန်ပြီ …… စိတ်ကကြောက်နေ
လျှောက်နေ ၊ လျှောက်လေ ၊ လျှောက်တွေး ၊ လျှောက်ငေး ၊ လျှောက်ပြေး
ဒီလောက်လေးနဲ့မရ ၊ ဒီလောက်ကြီးမှရ
ဘယ်လောက်ကြီးလို့လဲ
မိုးလောက်ကြီး ၊ မြေလောက်ကြီး ၊ ရေလောက်ကြီး ၊ မီးလောက်ကြီး
ပြီးသလောက်တော့နီး ၊ ပြီးခါနီး ၊ စခါနီး
စိတ် …. အထစ် အထစ်ဖြစ်နေတယ်
ငါသွား … ငါနား ၊ ငါ့နား …. ငါသွား ၊ ငါကြားတယ်
ကြောင်ကြောင်ကျားကျား ၊ ကြောင်နဲ့ကျား အမြီးဘယ်လိုထားမလဲ
အမြည်းလိုသလား …… နမူနာ - စားစရာ
အာပူလို့လား ၊ “အူ” ရောပါလို့လား ၊ ဘယ်နှစ်ခွေရှိ
ပါးစပ်ဟရုံနဲ့သိလား ၊ ပါးစပ်ပိတ်ရင်ရောသိလား
သွားပြီ … နားပြီ ၊ စိတ် …. တိတ်နေတယ် ၊ စိတ် … အိပ်နေတယ် ၊
စိတ် …. ဆိတ်ဆိတ်နေတယ် ၊ စိတ် …. ပိတ်နေတယ်



သူရဿဝါ + ရိုးရာ + ဇာတိ
စုပေါင်း စပ်ပေါင်း၍ ပေါင်းစုပေါင်းစပ်ပါသည် ။

No comments:

Post a Comment