ရှိသည် ၊ ညီစိမ်း ...... ဖြစ်သည်
(၁)
အခုတလော အသံအချို့ကြားရသည်
၂၁ ရာစု ၊ ၂၁ နှစ်ပြည့် ၊ ၁၃ ရက်နေ့
ကျနော့်ပတ်ဝန်းကျင်မှာပင်ဖြစ်သည် ။
ကျနော်ကြားမိသည် ၊ တစ် .... နှစ် .... သုံး ....
၁ ၊ ၂ ၊ ၃ ..... ဒါတွေက စိုးမိုးဂဏန်းများဖြစ်သလား
ဂဏန်းများကို စိုးမိုးအပ်သော လူတစ်ဦး နှင့်သက်ဆိုင်သလား
ဘာပဲဖြစ်ဖြစ် ၂၁ ၊ ၂၁ ၊ ၁၃ ၊ ၁ ၊ ၂ ၊ ၃ .........
အခုတလော ကြားမိသည် ။
(၂)
လူတစ်ဦး ရှိသည် ၊ ရင်ခုန်သံရှိသည်
မိမိကိုယ်ကို ခဏတဖြုတ် ပျောက်ဆုံးပစ်လိုက်ခြင်းများရှိသည် ။
ကဗျာအချို့ရှိသည် ၊ အနီရောင်ဖဲချပ်များအား မှတ်မှတ်ရရရှိသည် ၊
ညီညီညာညာ ကျနော်တို့ တစ် ၊ ကိုး ၊ ကင်း ဖြစ်ဖူးကြသည် ၊
တပ်ဆင်ခြင်းအနုပညာကို တပ်ဆင်လိုက်သည်
ခရမ်းရောင်ရှိသည် ၊ အစိမ်းရောင်ရှိသည် ။
ထို့အတူ လူသားတစ်ဦးလည်းရှိသည်
ထို့အတူ ...... သူ ခဏတဖြုတ် ပြသ\သိမ်းဆည်း\တပ်ဆင်ထားသော
ကဗျာအချို့ လည်းရှိသည် ၊ ထို့အပြင် နောက်ထပ်ကဗျာအချို့ကိုလည်း
ပြင်ဆင်၍ (ခဏတဖြုတ်) သိမ်းဆည်းထားကြသည် ။
ခေတ်ပေါ်ကဗျာ ၊ ဘာသာစကားကဗျာ ၊ ကဗျာ ..... ကဗျာ ၊
သူနှင့် တိုက်ရိုက်သက်ဆိုင်သည် ။
လူတစ်ဦးဆီမှ လူတစ်ဦးဆီသို့ ပေးပို့ရန် အောက်ပါအတိုင်း
တပ်ဆင်ပြသသည် ။

ဘာပဲဖြစ်ဖြစ် သူ အရေးကြီးသည် ၊ သူ့အတွက် အရေးကြီးသည်
သူဖတ်လိမ့်မည် ၊ ဘာသာစကား ၊ ခေတ်ပေါ် ၊ ခေတ်လွန် ၊ ခေတ်ဟောင်း
သူဖတ်လိမ့်မည် ၊ သူပြုံးလိမ့်မည် ၊ သူရယ်လိမ့်မည် ၊ သူရေလိမ့်မည်
၂၁ ၊ ၂၁ ၊ ၁၃ ၊ ၁ ...... ၂ ....... ၃
(၄)
သူပြုံးလိမ့်မည် ၊ သူအမြဲပြုံးနေခဲ့ဖူးသည် ။
သူတပ်ဆင်ဖူးသောကဗျာများလို
သူတပ်ဆင်ထားသောအရာများရှိသည် ။ စမ်းချောင်း ၊ အစိမ်းရောင် ၊ ခရမ်းရောင် ၊
ညလင်းအားကြီး ၊ မနက်အချိန်မတော် ၊ ကဗျာများ ၊ ကဗျာဆရာများ ၊
ခေတ္တတောင်ဥက္ကလာ ၊ ခေတ္တစမ်းချောင်းနေအိမ် ၊
သူတပ်ဆင်သည် ၊ သိုးမဲ ........ မှ ....... ညီစိမ်း ၊
ပြောင်းလဲ၍ မပြောင်းမလဲတပ်ဆင်သည် ။
(၅)
ကဗျာအချို့ ရှိသည် ၊ သူပြုံးလိမ့်မည် ၊
၂၁၂၁၁၃၁၂၃ ......... ဂဏန်းများရှိသည်ဟု
သူရယ်\ရေ လိမ့်မည်
ဟုတ်ကဲ့ ....... ညီစိမ်းဖြစ်ပါသည် ။

အင်း ကဗျာတော့မဟုတ်သလိုပဲ ငါဖတ်လိုက်တာ ဒဿန ဆန်ဆန်လိုဖြစ်သွားသလိုပဲ ဟဟ
ReplyDeleteညီစိမ်းမွေးနေ့လာ ဒါဆို ဆုတောင်းပေးသွားတယ်
ကောင်မလေးချောချောနဲ့ ရပါစေကွာ ဟဟ
ညီစိမ်း မွေးနေ့ မှာပျော်ရွှင်ပါစေ...
ReplyDelete