Saturday, May 09, 2009

တငွေ့ငွေ့


ရင်ထဲမှာကျန်ခဲ့တဲ့ ဒဏ်ရာဆိုတာ
မပေါက်ကွဲနိုင်သေးတဲ့ မြေမြှုပ်မိုင်းတစ်လုံးပါပဲ
တငွေ့ငွေ့ တမြေ့မြေ့လောင်ကျွမ်း။

တစ်သက်စာသိမ်းထားချင်လို့
အချစ်ရဲ့ပုံတူပန်းချီကို ဆွဲထားပါတယ်
အသည်းနှလုံးပါအောင် မဆွဲနိုင်တာကလွဲရင်
ကိုယ့်ရင်ထဲ အချစ်ကိုယ်တိုင်ရှိနေသလိုပါပဲ။

လူသူအရောက်အပေါက်မရှိပါ
အဲဒီမှာ တေလေအိပ်မက်ဟာ
မှုန်မှုန်မွှားမွှားအရောင်များသာ
တဖျတ်ဖျတ်လက်လို့။

ဝေသွား ဝါးသွား
ဝေးလို့ ဝေးလို့သွား
အတိတ်ဟာ တိုးတိတ်သွား
အတိတ်က ကိုယ်တို့နှစ်ဦးကြား တိုးတိုးလေးတိတ်သွား
ဒီလိုမှန်းသိရင် ကိုယ်ဘာမှမသိချင်ခဲ့ပါဘူး
တငွေ့ငွေ့ ရင်ထဲကျန်ခဲ့တဲ့ဒဏ်ရာဟာ။

 

သူရဿဝါ
၀၉ - မေ - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment