အိုဗာ၊ ခင်ဗျားတို့က အိုဗာတွေ
ခင်ဗျားတို့လောကကြီးက အိုဗာ၊ ခင်ဗျားတို့သီချင်းတွေက အိုဗာ၊
ခင်ဗျားတို့ကဗျာတွေက အိုဗာ၊ ခင်ဗျားတို့ဒိုင်ယာလော့ခ်တွေက အိုဗာ၊
ခင်ဗျားတို့မနက်စာတွေက အိုဗာ၊ ခင်ဗျားတို့ဖုန်းခေါ်သံတွေက အိုဗာ၊
ခင်ဗျားတို့ကားစက်နှိုးသံတွေက အိုဗာ၊ ခင်ဗျားတို့ကိုယ်ရည်သွေးသံတွေက အိုဗာ၊
တကယ့်ကို ခင်ဗျားတို့က အိုဗာတွေ။
ခင်ဗျားတို့ဝင်လေထွက်လေက အိုဗာ၊ ခင်ဗျားတို့နှုတ်ဆက်စကားတွေက အိုဗာ၊
ခင်ဗျားတို့ဒဏ်ရာအနာတရတွေက အိုဗာ၊ ခင်ဗျားတို့ဘီယာသံတွေက အိုဗာ၊
ခင်ဗျားတို့ဂျူလီယာရောဘတ်က အိုဗာ၊ ခင်ဗျားတို့အလဲအထပ်တွေက အိုဗာ၊
ခင်ဗျားတို့စတော့ခ်ရှယ်ယာက အိုဗာ၊ ခင်ဗျားတို့သံသယတွေက အိုဗာ၊
ခင်ဗျားတို့ရိုးသားခြင်းက အိုဗာ၊ ခင်ဗျားတို့စီးတဲ့ဖိနပ်တွေက အိုဗာ၊
ခင်ဗျားတို့က အိုဗာတွေ။
ခင်ဗျားတို့အိပ်မက်တွေက အိုဗာ၊ ခင်ဗျားတို့မနက်ခင်းတွေက အိုဗာ၊
ခင်ဗျားတို့ကာမပိုင်ဆိုတာတွေက အိုဗာ၊ ခင်ဗျားတို့ဧည့်ခန်းတွေက အိုဗာ၊
ခင်ဗျားတို့အလုပ်ချိန်တွေက အိုဗာ၊ ခင်ဗျားတို့ဒင်နာပွဲတွေက အိုဗာ၊
ခင်ဗျားတို့မိသားစုအချိန်က အိုဗာ၊ ခင်ဗျားတို့အိပ်ယာဝင်ဝတ်စုံတွေက အိုဗာ၊
ခင်ဗျားတို့တနေ့တာတွေက အိုဗာ၊ ခင်ဗျားတို့တညတာတွေက အိုဗာ၊
ကျုပ်သိတာ ခင်ဗျားတို့က အိုဗာတွေ။
ခင်ဗျားတို့အချစ်တွေက အိုဗာ၊ ခင်ဗျားတို့အမုန်းတွေက အိုဗာ၊
ခင်ဗျားတို့သံယောဇဉ်တွေက အိုဗာ၊ ခင်ဗျားတို့မျက်မုန်းကျိုးတာတွေက အိုဗာ၊
ခင်ဗျားတို့တကိုယ်ရည်တကာယတွေက အိုဗာ၊ ခင်ဗျားတို့မျှော်လင့်ချက်တွေက အိုဗာ၊
ခင်ဗျားတို့ကေတီဗီဆိုရင် အိုဗာ၊ ခင်ဗျားတို့အနှိပ်ခန်းတွေက အိုဗာ၊
ခင်ဗျားတို့ညဉ့်နက်သန်းခေါင်က အိုဗာ၊
ရှင်းရှင်းပြောရရင် ခင်ဗျားတို့က အိုဗာတွေ။
ခင်ဗျားတို့အမြင်မှာဆိုရင်တော့ ခင်ဗျားတို့အတွက် ကျုပ်ကအိုဗာပေါ့။
ကျုပ်ရဲ့ကျင့်ကြံမှုကအိုဗာ၊ ကျုပ်ရဲ့အတွေးအမြင်ကအိုဗာ၊ ကျုပ်ရဲ့ကဗျာက အိုဗာ၊
ကျုပ်ရဲ့စကားလုံးတိုင်းက အိုဗာ။
ဟုတ်တယ်၊ ခင်ဗျားတို့ရဲ့ အိုဗာတွေအကြောင်းပြောရင်း
ခင်ဗျားတို့လောက်နီးနီး ကျုပ်လည်းအိုဗာဖြစ်လာတယ်
ခင်ဗျားတို့က အိုဗာတွေ။
ဘယ်သူဘာပြောမလဲ၊ တစ်လောကလုံး အိုဗာ။
သူရဿဝါ
၀၈ - မေ - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment