ဝေးကွာခြင်းကို ညှို့ယူလိုက်ကြ
မျက်လုံးတွေဟာ သူစိမ်းဆန်ဆန်
ဒီလိုနည်းနဲ့ နှုတ်ဆက်လိုက်ရတယ်။
မြို့ပြက အရိုင်းဆန်လာ
မုန်တိုင်းက အမှတ်စဉ်မတပ်ဘဲရောက်လာ။
မှားတယ်
ညနေတချို့ကို လွှင့်မပစ်ရက်ခဲ့တာ မှားတယ်
မနေ့ကဝတ်မိတဲ့ အဝတ်အထည်မှာလည်း အလွမ်း
နားထောင်မိသမျှသီချင်းမှာလည်း သတိတရသံတွေ အလှည့်ကျ။
နွေရာသီပါပဲ
ညတာကရှည်လွန်းတယ်။
ပန်းတွေပျိုးရတဲ့လက်မှာ
မြေမှုန်တွေသာထူထပ်
ရနံ့က လက်ကလေးတဖျတ်ဖျတ်ဝှေ့ယမ်းသွားခဲ့ပုံ
ကိန္နရာချောင်းခြား။
သူရဿဝါ
၀၈ - မေ - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment