Friday, March 20, 2009

စကားလုံးပြပွဲ


ကိုယ် ထိုးစိုက်မြင့်တက်လိုက်

မီးပွိုင့်က မီးပွိုင့်မှာပြန်မိလို့

ဒီစားပွဲဟာ ကော်ဖီခွက်နဲ့အတုပ်နှောင်ခံထားရ

ညဉ့်ငှက်မလေးတစ်ယောက်လို့၊ ယမ်းခါသွားလို့၊

ဟောဒီအနီစင်းစင်းလေးတွေ မပြုံးပြသွားမှီ ကိုယ်လည်ပတ်လို့၊

သက်တန့်တွေအရောင်မစုံခင် *သမုဒ္ဒရာအကြောင်းဖတ်စာ ခြုံထားသော

လက်ပတ်နာရီအဟောင်းထဲမှာ ကိုယ်ကျယ်လောင်စွာ

လေတွေတဟူးဟူး တိုက်နေ

လေတွေတဟူးဟူး တိုက်နေ

ဘာကိုပြေးမြင်လိုက်သလဲလို့ ဝါကျမဆုံးခင်

တည်ဆောက်ဖျက်ဆီးနေ

မာရီလင်မွန်ရိုးလေးတစ်ထည်လောက် လိုချင်ရင်း

မနေ့ကစကားတွေလို ဆံပင်တိုတိုညှပ်ရင်း

ကလေးဘဝ၊ စကားထာဝှက်တမ်း

ခပ်နက်နက် တူးကြည့်သကဲ့သို့

ကိုယ်က မင်းဆီ “၍” လာမယ်ဆိုရင် မှန်သလား

တကယ်တမ်းက/ ခန့်မှန်းမိတာက

မဲဇာတောင်ခြေရတုလည်း စီးထွေထွေတည့်ခဲ့

ပုရေနိသင်လည်း ဆက်တိုင်းကြင်ခဲ့

ပေကျံနေတဲ့တစ်ရှူးကိုသုတ်ပေးဖို့ ပါးစပ်တွေက တိုးလာရမယ်

ဘယ်မှတ်တိုင်က ကားကိုကျော်ပြီးရပ်ချင်ပါသလဲ

လက်မမြှောက်လိုက်မချင်း

ပိတ်ထားရင်း၊ ဖွင့်ထားရင်း တံခါးတွေ။

 

ရည်ညွှန်း - သမုဒ္ဒရာအကြောင်းဖတ်စာ (မင်းခိုက်စိုးစန်)

 

သူရဿဝါ
၂၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment