မလွတ်လပ်ဘူး
ဘယ်အိပ်မက်ကိုကြည့်ကြည့် ခြေချုပ်မိနေ
အားလုံးရှင်းပစ်လိုက်တာတောင်
လောကဘောင်ထဲက မလွတ်ကျွတ်ဘူး
မိုးနဲ့မြေကြား ကမ်းကုန်အောင်မှားလို့။
ကျွန်တော့်စိတ်ကို ကျွန်တော်ပြန်လည်အကျဉ်းချ
ကျွန်တော်က ကျွန်တော့်စိတ်ထဲမှာ ပြန်လည်အကျဉ်းကျ
ဘဝကို သတ်မှတ်ချက် တစ်စုံတရာပေးဖို့
ကြက်ခြေခတ်ကြီးကြီးတစ်ခုပဲလိုတယ်။
ဘာကိုမှ ယုံကြည်လို့မရ
အိပ်မက်တွေထဲမှာ ကျွန်တော် ခပ်ကျယ်ကျယ်အကျဉ်းကျနေ။
သူရဿဝါ
၁၈ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment