ကျွန်တော့်ဆီကိုမှ
အဖြူရောင်ကလေးတစ လွင့်ကျလာ
ပါးချိုင့်လေးတစ်ဝက်နဲ့ လှတယ်
ဆံပင်လေးစည်းထားတာ လှတယ်
အဲဒီ အဖြူရောင်မလေးက
အဖြူရောင်စိတ်လေးနဲ့ သိပ်လှပါတယ်။
ကြည့်လိုက်မိတိုင်း
ကျွန်တော့်ဆီပဲ စီးဆင်းနေချင်တဲ့ပုံမျိုး
ကြွေကျလာတိုင်း
ကျွန်တော့်မှာပဲ ကမ္ဘာမြေဆွဲအားရှိနေသလိုမျိုး။
ဘယ်လောက်ရွေ့လျားနေသလဲ
ကျွန်တော့်ရဲ့အဖြူရောင်မလေးက
ကျွန်တော့်ဆီကို ဘယ်လောက်အထိများ
စုန်ဆန်နေရှာပါသလဲကွယ်။
တစ်ခါ တစ်ခါ တွေးကြည့်မိ
ကျွန်တော် ရယ်လိုက်တိုင်း
အဖြူရောင်လေး မောရသလား
သိနေခဲ့ပါတယ်
ဆောင်းကိုမမြင်သေးဘဲနဲ့တောင်
အဖြူရောင်လေးက ဖွဲကြွေမှုန်ဝေ
နှင်းတွေ စွေနှင့်ရတာ
ဒါ အရမ်းလှတဲ့တန်ဆာဆင်မှုပါကွယ်။
ကျွန်တော် သိပါတယ်
တကယ်ပါပဲ
ကျွန်တော့် ရင်တည့်တည့်ကိုမှ
ဖြူဖြူလွလွ အဖြူရောင်ကဗျာလေးတစ်စ
လွင့်ကျလာခဲ့တာ။
သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com
No comments:
Post a Comment