Tuesday, March 10, 2009

ကျုပ်တို့ကောင်တွေ မြွေခြောက်ကိုက်နေတယ်


ကျုပ်တို့ပြောနေကျ

မြွေခြောက်ကိုက်တယ်ဆိုတာ ဒါလား

ဒီမှာ ပြဿနာတွေ စုဝေးသင်းဖွဲ့

ဒီမှာ လစဉ်တိုးတွေသိုင်းဝိုင်းကိုက်ခဲ

ဒီမှာ အိပ်ရေးပျက်နေ့တွေ စီစဉ်စုဝေး

ဒီမှာ အမှောင်ထဲကမျက်လုံးတွေ ကြောင်စီနီရဲ

ကဲ.. အစုလိုက်အပြုံလိုက် မြွေခြောက်ကိုက်တယ်

ကျုပ်တို့ပြောနေကျ

မြွေခြောက်ကိုက်တယ်ဆိုတာ ဒါပေါ့

ပြဿဒါးက ခေါင်းနဲ့မလွတ်ဘူး

နဂါးခေါင်းက ဟိုဘက်နည်းနည်းမတိုးဘူး

စိတ်ရှည်ကြည့်တယ်

သည်းခံကြည့်တယ်

ငွေနံ့ကြေးနံ့က လမ်းကြောင်းမမှန်ဘူး

တစ်ရက်တလေပဲဖြစ်ဖြစ်

ခပ်မြူးမြူး တေးသွားလေးတစ်ပုဒ်လောက်နဲ့ ကချင်သေးရဲ့

အခုတော့ ကျုပ်တို့ပြောနေကျ

မြွေခြောက်ကိုက်တယ်ဆိုတာ

ဟုတ်တယ်

ကျုပ်တို့က မြွေခြောက်ကိုက်နေကျကောင်တွေ။

 

သူရဿဝါ
၁၀ - မာ့ချ် - ၂၀၀၉
Image credit: Images.google.com

No comments:

Post a Comment